အိပ်မက်ရှိသူများဖြစ်ကြပါစေ
diz_admin
January 27, 2021အမေရိကန်နိုင်ငံ၏ သမ္မတသစ် ဂျိုးဘိုင်ဒင်သည် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအတွင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ချမှတ်ခဲ့သည့် မူဝါဒများကို ချေဖျက်သည့်အမိန့်များ ထုတ်ပြန်လိုက်သည်။ နိုင်ငံ၏အရေးကိစ္စများသာမက ကမ္ဘာ့အရေးနှင့်သက်ဆိုင်သည့် ပြောင်းလဲမှုများကို သမ္မတဖြစ်ဖြစ်ချင်း လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ သမ္မတဟောင်းလက်ထက်က ချမှတ်ခဲ့သည့် ကိုဗစ်နိုင်တင်းကပ်ရောဂါ ဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများ ပယ်ဖျက်ခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ နုတ်ထွက်ခဲ့သည့် သမ္မတထရမ့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်း၊ ရာသီဥတုဆိုင်ရာပဲရစ် သဘောတူညီချက်ကို ပြန်လည်ဝင်ရောက်ရေး စသဖြင့် အရေးကြီးကိစ္စများစွာကို လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်နိုင်ငံကဲ့သို့သော ထိပ်သီးနိုင်ငံတစ်ခု၏ အရေးပါသောမူဝါဒများနှင့် နိုင်ငံတကာနှင့်သက်ဆိုင်သည့် မူဝါဒများကို သမ္မတဖြစ်ပြီး နာရီပိုင်းအတွင်း လက်မှတ်ရေးထိုးခြင်းမှာ သမ္မတသစ်တစ်ဦးအတွက် စိန်ခေါ်ချက် ကြီးမားလှသည်။ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် သမ္မတမဖြစ်မီကတည်းက ပြုပြင်ပြောင်းလဲရေးအတွက် အိပ်မက်ကြီးစွာရှိခဲ့ပြီး ကြိုတင်ပြင်ဆင်မှု၊ သက်ရောက်မှုများအား ကြိုတင်တွက်ချက်မှု […]


