ရော်ဘာအရေး အသိဉာဏ်မြင့်မှ ရေရှည်စီးပွားဖြစ်မည်
diz_admin
February 5, 2021ထားဝယ်ကို ညွှန်မှူးအဖြစ်နဲ့ ပြန်ရောက်လာတဲ့ ကျွန်တော့်ဆရာတစ်ယောက်ကို ပြီးခဲ့တဲ့အပတ် စနေနေ့က သွားတွေ့ဖြစ်ခဲ့တယ်။ သူထားဝယ် ပြန်ရောက်နေတာက ကိုဗစ်ပထမလှိုင်း စဖြစ်ကတည်းကနဲ့တူပါတယ်။ ကျွန်တော့်အနေနဲ့ ဆရာ့ကို သူ့ရုံးမှာ တစ်ခေါက်လောက် သွားတွေ့ပြီး ကတည်းက ထပ်မသွားဖြစ်တော့ဘူး။ ပြီးခဲ့တဲ့ စနေနေ့ ကတော့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့သွား ကြတာ ပကာရီရွာက ကျားခုန်အိုင်အထိ ရောက်သွားခဲ့တော့တယ်။ ဝန်ကြီးအိမ်ရာရှေ့က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ကြတယ်။ ပြီးတော့ ဆရာ့ရဲ့တပည့် ကျွန်တော့်ညီ ရှိရာ သဗျာရွာနားက ခရမ့်ရော်ဘာစက်ရုံကို သွားကြတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်သူငယ်ချင်းရှိရာ ထားဝယ် ရွှေပြည် ရော်ဘာစက်ရုံကို ဆက်သွားဖြစ်တယ်။ အဲဒီကတစ်ဆင့် ပကာရီရွာက ကျားခုန်အိုင်ဆီ ရောက်သွားတော့တယ်။ ခရမ့်ရော်ဘာစက်ရုံဆိုတာက ကော်ချီး (ရော်ဘာတုံး) တွေကို ပြန်လည် သန့်စင်ပြီး ရော်ဘာကျိတ်တုံးပြန်လုပ်တဲ့ စက်ရုံပါ။ ထားဝယ်ရွှေပြည်ကတော့ […]