ကလေးများကို ကယ်တင်ကြပါ
diz_admin
February 25, 2021၁၉၆၄ခုနှစ်ဧပြီလ ၂၀ရက် နေ့မှာ အကျဉ်းသား နယ်လ်ဆင် မင်ဒဲလားဟာ တောင်အာဖရိက တရားရုံးတစ်ခုမှာ ရောက်နေခဲ့ပါတယ်။ နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ အလေးနက်ဆုံးစွဲချက်ကို သူနဲ့ သူ့ရဲဘော်တွေ ရင်ဆိုင်နေကြရတာပါ။ အသားအရောင် ခွဲခြားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေများလွန်းတဲ့ အာဏာရှင်ကို မင်ဒဲလားနဲ့ သူ့ရဲဘော်တွေတိုက်ပွဲဝင်ခဲ့ကြ တာဖြစ်ပါတယ်။ နယ်လ်ဆင် မင်ဒဲလားက သက်သေတွေနဲ့ အပြန်အလှန် ထွက်ဆိုဖို့ အခွင့်အရေးကိုငြင်းဆိုပြီး တစ်ကြိမ်တည်းနဲ့ လျှောက်လဲချက်ပေးဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ သုံးနာရီကြာတဲ့ သူ့ရဲ့ ခုခံ လျှောက်လဲချက်ရဲ့ အဆုံးမှာ မင်ဒဲလားက အခုလို ပြောခဲ့ပါတယ်။ “အာဖရိကန်ပြည်သူတွေရဲ့ တိုက်ပွဲအတွက် ကျွန်တော့် ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့ပြီးပါပြီ။ လူဖြူ လွှမ်းမိုးရေးကိုလည်း ကျွန်တော်ဆန့်ကျင်ခဲ့ပါတယ်။ လူမည်းလွှမ်း မိုးရေးကိုလည်း ဆန့်ကျင် ခဲ့ပါတယ်။ လူသားတွေအားလုံး တန်းတူညီမျှအခွင့်အရေးတွေနဲ့ ဟန်ချက် ညီညီနေနိုင်တဲ့ […]