ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တည်ထောင်သူ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်းခြင်း

Dawei Watch

July 9, 2023

ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာရွှေ့ပြောင်းကလေးတစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာပြည်ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း အန်ထော်ခရိုင်က ထိုင်းကျောင်းမှာ ပညာသင်ယူနေတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ကလေးတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကလေးစုစုပေါင်း ၁၂၆ ဦးကို ဇွန်လ အစောပိုင်းက ထိန်းသိမ်းထားခဲ့တာပါ။ ဒါ့အပြင် ကလေးတွေ ပညာသင်ယူခွင့်ရအောင် အကူအညီပေးခဲ့တဲ့ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူ အပါအဝင် ဆရာ ဆရာမ ၄ ဦးနဲ့ ကျေးရွာ ရွာသူကြီး ၂ ဦးကိုပါ တရားစွဲမယ်လို့ သိရတယ်။ ထိုင်းပြည်သူတွေက တိုင်ကြားတဲ့အတွက် ခရိုင်မူလတန်းအုပ်ချုပ်ရေးအဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကြောင့် ကျောင်းအများစုကို ပိတ်ထားရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ၊ စီးပွားရေးကျပ်တည်းမှုတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ပြီး တရားမဝင် […]

လုရာကနေ အသက်ပါရန်ရှာလာတော့

Dawei Watch

July 9, 2023

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် နေ့ခင်းဘက်အချိန် လူမြင်ကွင်းတွင်ပါ လုယက်သည်အထိ အတင့်ရဲလာကြသည်။ လူပြတ်သည့်နေရာများတွင် ပိုမိုဆိုးရွားပြီး ဆိုင်ကယ်အခိုးခံရခြင်း၊ ဖုန်းလုခြင်း၊ လက်ကိုင်အိတ်လုခြင်း၊ ဆွဲကြိုးလုခြင်း စသဖြင့် ခိုး၊ ဆိုး၊ လုယက်မှုများ နေ့စဉ်နဲ့အမျှ ကြုံတွေ့လာနေခဲ့သည်။ အာဏာသိမ်းနောက်ဆက်တွဲဂယက်အဖြစ် အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေးအကျပ်အတည်းအကြား ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလာသော်လည်း ထိထိရောက်ရောက် အရေးယူခြင်းမရှိသောကြောင့် ပိုမိုဆိုးရွားလာသည့်သဘော ဖြစ်သည်။ မြို့ခံများကမူ ဒေသတွင်း မူးယစ်ဆေးဝါး ပေါများလာမှုနှင့်အတူ ဆေးသုံးသူများလာခြင်းနှင့် သက်ဆိုင်ရာက အရေးယူမှု မရှိခြင်းတို့ကြောင့် လု၊ယက်မှု ပိုများလာခြင်းဟုဆိုကြသည်။ တနင်္သာရီတိုင်း‌ဒေသကြီးအတွင်း ရေလုပ်ငန်းများ ပေါကြွယ်ဝပြီး ဝင်ငွေကောင်းကြသဖြင့် စီးပွားရေးမြို့တော်ဟု တင်စားခံနေရသည့် မြိတ်မြို့တွင်လည်း အလားတူ လုယက်မှုများနှင့် ရင်ဆိုင်နေကြရသည်။ မြိတ်မြို့ မြစ်ငယ်နဲ့ ကန်ကြီးရပ်ကွက် အတွင်းရှိ ရေကန်ဘောင်တွင် ညဘက်အချိန်များ၌ ချိန်းတွေ့သည့် သမီးရည်းစားတို့ထံမှ […]

ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခြင်း

Dawei Watch

July 8, 2023

မြန်မာနိုင်ငံတွင် မိုးရာသီရောက်လာပြီဖြစ်သည့်အတွက် ရာသီတုပ်ကွေးအပါအဝင် ဖျားနာမှုများ အဖြစ်များလာလေ့ရှိသည်။ တနင်္သာရီတိုင်းတွင်လည်း ရာသီတုပ်ကွေးအဖြစ်များနေပြီး ရာသီတုပ်ကွေးနှင့်အတူ သွေးလွန်တုပ်ကွေးကဲ့သို့ ရောဂါများလည်း အဖြစ်များနေသည်။ တုပ်ကွေးဖြစ်လာပါ တစ်ဦးနှင့်တစ်ဦးကူးစက်ပြီး အိမ်ရှိမိသားစုအားလုံးနီးပါး ဖျားနာတတ်ကြသည်။ ထို့အပြင် ကိုဗစ်ရောဂါကလည်းကူးစက်မှုကလည်းရှိနေသေးသည့်အတွက် ရာသီတုပ်ကွေးနှင့် တော်ရုံမခွဲနိုင်တော့ဘဲ ခံစားရသည့် လက္ခဏာများ ရောထွေးကုန်သည်။ ရာသီတုပ်ကွေးနှင့် ကိုဗစ်မှာ ဗိုင်းရပ်ပိုးဖြစ်သည့်အတွက် တစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သည့်ရောဂါဖြစ်သည်။ ပဋိပက္ခအခြေအနေများကြောင့် တနင်္သာရီတိုင်းရှိ ကျေးလက်ဒေသအများစုတွင် ကျန်းမာရေးစောင့်ရှောက်မှုမဲ့နေသည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်။ ထိုကြောင့် ကိုဗစ်၊ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ကိုဗစ်ရောဂါနှင့် ပတ်သက်၍ သိထားသင့်သည့် ဆောင်ရန် ရှောင်ရန်အချက်များကို ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ပြလိုက်သည်။ DW – အခုမိုးရာသီမှာ ဖျားနာတာတွေ များနေတယ်ပေါ့နော်ခင်ဗျား။ အဲဒါက ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းပြပေးပါလားခင်ဗျား။ Dr – အခုမြန်မာနိုင်ငံမှာဖြစ်နေတာရော […]

အကြောင်းကောင်းအောင် လုပ်နေကြတယ် (၂)

Dawei Watch

July 7, 2023

ကျွန်တော်နဲ့ သူငယ်ချင်းဟုတ် လုပ်ဖော်ကိုင်ဖက်ဆိုလည်းဟုတ်တဲ့ လူတစ်ယောက်က ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ – (၁) ဘာကြောင့် ဒီလိုအခြေအနေမျိုးအထိ ဖြစ်သွားရတာလဲ (၂) လက်ရှိမှာ ဘာတွေဖြစ်နေလဲ (၃) အောင်မြင်နိုင်ချေရှိပါ့မလား ဆိုတဲ့ မေးခွန်း(၃)ခုအပေါ် ကျွန်တော့အမြင်ကို ပြောပါလားဆိုပြီး ဆိုင်းမဆင့်ဗုံမဆင့် မေးလာပါ တယ်။ ကျွန်တော်ကလဲ ဘာကောင်မှမဟုတ်တော့ ပါးစပ်ပြောအရပ်ပြောနဲ့ ပြန်ပြောခဲ့တဲ့ မေးခွန်း(၁)ရဲ့ ကျွန်တော့အမြင်ကို ပြီးခဲ့အပါတ်က မျှဝေပြီးဖြစ်လို့ ဒီတစ်ပါတ် မေးခွန်း(၂) နဲ့ (၃) တို့ရဲ့ ကျွန်တော့အမြင်ကို ဆက်လက် မျှဝေလိုပါတယ်။ (၂) လက်ရှိမှာ ဘာတွေဖြစ်နေလဲ အားလုံးသိတဲ့အတိုင်း စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ ပြည်သူလူထုကြီးဟာ လမ်းမ တွေပေါ်ထွက်ပြီး လက်သုံးချောင်း ထောင်ခဲ့ကြတယ်။ အိမ်မှာနေပြီး သံပုံးတွေတီးခဲ့ကြတယ်။ မီး […]

အကြောင်းကောင်းအောင် လုပ်နေကြတယ်

Dawei Watch

July 4, 2023

ကျွန်တော်နဲ့ သူငယ်ချင်းဟုတ် လုပ်ဖော်ကိုင်ဖက်ဆိုလည်းဟုတ်တဲ့ လူတစ်ယောက်က ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ – (၁) ဘာကြောင့် ဒီလိုအခြေအနေမျိုးအထိ ဖြစ်သွားရတာလဲ (၂) လက်ရှိမှာ ဘာတွေဖြစ်နေလဲ (၃) အောင်မြင်နိုင်ချေရှိပါ့မလား စတဲ့ မေးခွန်း(၃)ခုအပေါ် ကျွန်တော့အမြင်ကို ပြောပါလားဆိုပြီး ဆိုင်းမဆင့်ဗုံမဆင့် မေးလာပါ တယ်။ ကျွန်တော်ကလဲ ဘာကောင်မှမဟုတ်တော့ ပါးစပ်ပြောအရပ်ပြောနဲ့ ကျွန်တော့အမြင်ကို ပြန်ပြောခဲ့တာလေးကို မျှဝေချင်ပါတယ်။ (၁) ဘာကြောင့် ဒီလိုအခြေအနေမျိုးအထိ ဖြစ်သွားရတာလဲ ဘာကြောင့် ဒီလိုအခြေအနေမျိုးအထိ ဖြစ်သွားရတာလဲဆိုတော့ အကြောင်းမကောင်း လို့ မကောင်းတဲ့အကျိုးဆက်တွေ ဖြစ်နေရတာလို့ပဲ ပြောချင်ပါတယ်။ လောကမှာ ဘယ်အရာမှ အကြောင်းမဲ့ဖြစ်တဲ့ အကျိုးဆိုတာ မရှိပါဘူး။ ဒီလိုပါပဲ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပျက်နေ တဲ့ တုန်လှုပ်ခြောက်ခြားဖွယ် အခြေအနေဆိုးကြီးဟာ အကြောင်းမကောင်းလို့ ဖြစ်နေရတာလို့ […]

ပညာရေးရှေ့ဆက်ခွင့် မရသူတွေ

Dawei Watch

July 2, 2023

စစ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် ပြည်သူများမှာ အထွေထွေအကျပ်အတည်းများ ကြုံတွေ့နေရသလို ကလေးများနှင့် လူငယ်များမှာလည်း ပညာရေး ဆုံးရှုံးမှုများ ကြုံတွေ့လာနေရသည်။ ငွေကြေးတတ်နိုင်သူများက မြို့ပေါ်ရှိ ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာကျောင်းများနှင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ကာ ကျောင်းထားမှုများရှိသော်လည်း ငွေကြေးမတတ်နိုင်သူများမှာ ရွေးချယ်စရာမရှိဘဲ ပညာရေးလမ်းကြောင်းကို အချိန်မတန်ခင် စွန့်ခွာသွားကြရပြီဖြစ်သည်။ ငွေကြေးမတတ်နိုင်သူများအတွက် စစ်ကောင်စီက ဖွင့်လှစ်ထားသည့် ကျောင်းများ သို့မဟုတ် NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ၏ ကြားကာလပညာရေး အစီအစဉ်အရ ဖွင့်လှစ်ထားသော ကျောင်းများသာ ရွေးချယ်ကြရမည်ဖြစ်သည်။ သို့သော် ကြားကာလပညာရေးအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများဖြစ်သော အင်တာနက်၊ ကွန်ပျူတာ၊ ဖုန်းစသည်များ ဝယ်ယူရန်အခက်အခဲရှိသော သူများအတွက် စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းများသာ ရွေးချယ်ခွင့်ရှိကြသည်။ ယင်းအခြေအနေများကြောင့် ဆယ်ကျော်သက် လူငယ်အများစုမှာမူ လုပ်ငန်းခွင်သို့ ရောက်ရှိသွားကြသလို အချို့မှာလည်း ထိုင်း၊မလေးရှားနိုင်ငံများသို့ သွားရောက်ကာ […]

ကြွက်သေးက လူကိုသေစေနိုင်သလား

Dawei Watch

June 30, 2023

ကြွက်များက လူကိုဒုက္ခပေးနိုင်သည့် ရောဂါပိုးမွှားအများအပြား သယ်ဆောင်ထားကြသည်။ မြို့ပြသန့်ရှင်းမှု အားနည်းသည့် မြန်မာနိုင်ငံတွင်  ဈေးပတ်ဝန်းကျင်၊ အမှိုက်ပုံပတ်ဝန်းကျင်နှင့် အိမ်နောက်ဖေးလမ်းကြား အများစုတွင် ကြွက်များကို တွေ့ရလေ့ရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း နေရာအများစုတွင် အမှိုက်သိမ်းစနစ်ပျက်ယွင်းသွားခြင်းကလည်း ကြွက်ပေါများလာစေသည့် အချက်ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ရွေ့ပြောင်းလုပ်သားအများစုနေထိုင်သည့် ဈေး၊ တန်းလျားများမှာ ကြွက်ပေါသည့် နေရာများဖြစ်သည်။ မကြာသေးခင်က ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦး ကြွက်သေးပန်းထားသောအစားအစာကို စားမိရာမှတစ်ဆင့် သေဆုံးသည်ဆိုသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။ ယင်းကြောင့် ကြွက်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးနှင့် မေးမြန်းထားချက်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခြင်း DW – ကြွက်သေးကြောင့် လူတွေကျန်းမာရေးအပေါ် ထိခိုက်မှုတွေရှိတယ်လို့ ပြောကြတယ်ပေါ့နော်ဆရာ။ ဆိုတော့ ဆေးပညာအရဆိုရင် ဘာတွေဖြစ်လာနိုင်လဲခင်ဗျား။ Dr – ကြွက်သေးမှာပါတဲ့ဟာက အသည်းရောင်အသားဝါ(အေ)ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးပါတာပေါ့လေ။ […]

အကူအညီလိုနေတဲ့ တောင်ပိုင်းက စစ်ရှောင်တွေ

Dawei Watch

June 25, 2023

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ကြရသူများ ပိုမိုများပြားလာနေသည်။ အာဏာမသိမ်းမီက အေးချမ်းသာယာခဲ့သည့် တနင်္သာရီတိုင်းမှာ ယခုအခါတွင်တော့ နေအိမ်မီးရှို့ ခံရမှုများ၊ သတ်ဖြတ်ခံရမှုများ၊ ကျေးရွားမျာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ စသဖြင့် ပြင်းထန်သည့် ပဋိပက္ခများအတွင်း ကျရောက်နေပြီဖြစ်သည်။ ဒေသခံများမှာလည်း အသက်ဘေးအတွက် ထွက်ပြေးတိမ်းရှောင်ကာ နီးစပ်ရာတောတောင်များ အတွင်းသွားရောက် နေထိုင်သူများရှိသလို ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များတွင် သွားရောက်ရှောင်တိမ်း ကြရသူများလည်းရှိသည်။ အချို့ဒေသများတွင်မူ စစ်ဘေးရှောင် စခန်းအချို့ရှိသဖြင့် စခန်းများတွင် သွားရောက်နေထိုင် နိုင်ကြသော်လည်း ဒေသအများစုတွင် စစ်ဘေးရှောင်စခန်း သတ်သတ်မှတ်မှတ်မရှိကြသဖြင့် အဆင်ပြေသလို နေထိုင်ကြရသည်။ တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ‌လေးသောင်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး တိုက်ပွဲဖြစ်ပွားမှု အပေါ်မူတည်၍ စစ်ရှောင်များမှာ အတိုး၊အလျော့ရှိနေသည်။ ယခုလိုမိုးရာသီတွင်တော့ အမိုးအကာလိုအပ်ချက်၊ ဆေးဝါးလိုအပ်ချက်နှင့် စာနပ်ရိက္ခာလိုအပ်ချက်များ ကြီးကြီးမားမားကြုံတွေ့လာရသည်။ […]