ကျပ်နှစ်သောင်းဂယက်၊ ပြည်သူအရေး စဉ်းစားပေးစေချင်
Dawei Watch
August 13, 2023စစ်ကောင်စီက ထုတ်ဝေမယ့် ကျပ်နှစ်သောင်းတန် မတော်တဆ လက်ထဲရောက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြရပါပြီ။ သူတို့ဘာကို စိုးရိမ်နေကြတာပါလဲ။ ဘာကြောင့် စိုးရိမ်နေကြပါသလဲ။ ဘာကြောင့် လူထု စိုးရိမ်ချက်ကို အလေးထား သင့်တာလဲ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံရဲ့နေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ တော်လှန် ရေးအဖွဲ့များရဲ့ တပ်ဦးလို့ ပြောနိုင်ပါတယ်။ NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို စတင်ဆန့်ကျင် တော်လှန်စဉ်ကတည်းက နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့ စစ်မျက်နှာပေါင်းစုံနဲ့ ထိုးနှက်တိုက်ပွဲဝင် ခဲ့တာကို တွေ့ရှိရပါတယ်။ အခုတလော မူလစစ်မျက်နှာများအပြင် ဘဏ္ဍာရေးစစ်မျက်နှာကိုပါ တိုးချဲ့ ဖွင့်လှစ်ပြီး ခပ်စိပ်စိပ် တိုက်စစ်ဆင်နေတာကို ထပ်မံတွေ့လာ နေရပါတယ်။ NUG က ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေကို လေ့လာကြည့်ရင် လိုအပ်ချက်အရသာ ဖွဲ့စည်း ထားတဲ့ […]


