“ဈေးကွက်ပြန်ရှာဖို့အတွက် တော်ရုံနဲ့ နာလန်ထူဖို့ မနည်းကြိုးစားရဦးမယ်”
diz_admin
May 4, 2020ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့်တွေ့ဆုံခြင်း တနင်္သာရီတိုင်းရှိ ရေမြေအနေအထားကြောင့် ခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်များ ရှိလာသည့်အခြေအနေတွင် ကမ္ဘာအနှံ့ ကိုရိုနာရောဂါကူးစက်ပြန့်ပွားမှုကြောင့် လုပ်ငန်းလုံး၀ ရပ်ဆိုင်းသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည့် ဧပြီလမှာ သင်္ကြန်ကာလဖြစ်ပြီး ယင်းကာလတွင် တနင်္သာရီတိုင်းအတွင်းသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု အမြင့်ဆုံးအချိန်လည်းဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ ၂၀၁၉ ခုနှစ်တွင် ပြည်တွင်းခရီးသွား တစ်သိန်းကျော်နှင့် ပြည်ပခရီးသွား ခုနစ်သောင်းဝန်းကျင်က တိုင်းအတွင်းရှိ တည်းခိုခန်း၊ ဟိုတယ်များတွင် တည်းခိုခဲ့ကြောင်း ဖော်ပြထားသည်။ သင်္ကြန်ကာလတွင် ထားဝယ်ဒေသအတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း၊ ဘုန်းကြီးကျောင်းများ ပြည့်လျှံသည်အထိ ခရီးသွား လာရောက်မှု များလေ့ရှိသည်။ ထိုကြောင့် ခရီးသွားကုမ္ပဏီများက လည်း သင်္ကြန်ကာလ အချိန်ကို မျှော်လင့်တကြီးဖြင့် […]