အဖက်ဖက်က ပိတ်ပင်ခံနေရသည့် CDM များ
diz_admin
May 14, 2022“လုံးဝ အလုပ်ပြန်မဝင်ဘူး။ ကျွန်မတို့ကို သူများဖိအားပေးလို့ လုပ်ထားတာမှ မဟုတ်တာ။ ကိုယ်ယုံကြည်လို့ ကိုယ်လုပ်တာ” တနင်္သာရီ ပုံရိပ်များ နွေဦးတော်လှန်ရေးအတွက် အရေးပါသည့် လှုပ်ရှားမှုတစ်ခုဖြစ်သော အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူများမှာ လက်ရှိကာလ၌ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းနေချိန်တွင် နိုင်ငံရေးမတည်ငြိမ်မှုဆင့်လာသဖြင့် ပြည်တွင်း၌ စီးပွားရေး အလွန်အမင်းကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှုများလည်း ဖြစ်ပေါ်လာပြီး CDM များမှာ စားဝတ်နေရေး ပိုမိုခက်ခဲသော အခြေအနေဖြင့် ရင်ဆိုင်နေကြရသည်။ ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပတွင် သွားရောက်လုပ်ကိုင်လိုသော်လည်း CDM များ တရားဝင် ပြည်ပထွက်ခွာခွင့် မရှိဖြစ်နေသည်။ ပြည်တွင်း၌ အလုပ်ရှာဖွေရာတွင်လည်း အလုပ်ရှင်အချို့က CDM များကို အလုပ်ခန့်လိုခြင်းမရှိသည်ကို တွေ့ကြုံရသည်ဟုဆိုသည်။ ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး တရားမဝင် လမ်းကြောင်းများမှ […]


