ဓားပြဗျို့… ဓားပြ
diz_admin
June 18, 2022ဘုရာစင်အောက်ထားလည်းမလုံ၊ မီးဖိုအောက်ထားလည်း စိတ်မချနဲ့ ငွေထုတ်ပိုက်ထားရတဲ့ ဦးထွန်း (အမည်လွှဲ) မှာ စိတ်မသက်သာလှပေ။ ခွေးဟောင်သံကြားတိုင်းလည်း လန့်နိုးနိုးလာလေ့ရှိတာကြောင့် ညဘက်လည်း ကောင်းကောင်းမအိပ်ရတာ အတော်ကြာနေပြီ။ လောင်းလုံးမြို့နယ်တစ်ကျောမှာ ဆူဆူပူပူဖြစ်နေတဲ့ ဓားပြရန်ကြောင့် ဦးထွန်းတစ်ယောက် အခုလို ဥစ္စာအပူမိနေရတာဖြစ်ပါတယ်။ ဒီငွေတွေနဲ့ ပွင့်လင်းရာသီရောက်ရင် ကထိန်းခင်းဖို့ ရည်စူးထားတာလို့ ဦးထွန်းက ဆိုပါတယ်။ “အရင်က သူခိုး၊ အခု ဓားပြရန်ပါကြောက်နေရတယ်ကွာ” လို့ ၎င်းက ဆိုပါတယ်။ သူနေထိုင်ရာ ပတ်ဝန်းကျင်ဟာ မူးယစ်ဆေးသမားနဲ့ သူခိုးရန်ကို ကြောက်နေရတဲ့ အခြေအနေကနေ အခုဆိုရင် လက်နက်ပြခြိမ်းခြောက် အနုကြမ်းစီးတဲ့ ဓားပြရန်ကိုပါ ကြောက်လန့်လာနေရပြီလို့ သူကဆိုပါတယ်။ Dawei Watch ရဲ့ မှတ်တမ်းတွေအရ မေလ ၁၇ ရက်ကနေ ဇွန်လ ၁၅ ရက်အထိ ရက်ပေါင်း […]