NUG အလုပ်သမားဝန်ကြီးနေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်
Dawei Watch
June 14, 2023အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေ၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း ဝန်ကြီးနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၊ အမှတ် ၇ ရပ်ကွက်တွင်ရှိသည့် နေအိမ်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပူးပေါင်းအဖွဲ့တို့က ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က စာလာကပ်ပြီး ချိပ်ပိတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အိမ်တွင် ကပ်ထားသည့်စာတွင် နိုင်သုဝဏ္ဏ၏ နေအိမ်အဆောက်အအုံကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အမှုဖွင့် ချိပ်ပိတ်သိမ်းဆည်းထားသော အဆောက်အအုံဖြစ်သည်ဟု ဖော်ပြပါရှိသည်။ “နိုင်သုဝဏ္ဏအိမ်ကို အရင်ကလည်း နှစ်ခေါက်လောက် အဲဒီလို စာလာကပ်တယ်။ (အိမ်က) မနေတာကြာပြီ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မနေတော့တာ။ အကြမ်းဖက်ဥပဒေအရ သိမ်းဆည်းတယ်ဆိုပြီးတော့ စာကပ်ထားတယ်” ဟု […]


