နဘုလယ်ဒေသကို စစ်ကြောင်းထိုးလာပြီး ပစ်ခတ်သံများကြားသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်
Dawei Watch
July 11, 2023ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ နဘုလယ်ဒေသဘက်ကို ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတ်တိုက်တွေ့ပြီး တိုက်ပွဲများဖြစ်လာနိုင်ပြီး လေကြောင်းဖြင့် လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ ဒေသခံများ ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ကမ်းခါး (ခေါ်) ရှမ်းတံတားဘက်မှာ ပစ်သံကြားတယ်။ (လက်နက်) အကြီးရော၊ အငယ်ရော မိုင်းတွေရောပဲ။ ဟိုတစ်လောတုန်းက ဖြစ်တုန်းကတော့ စစ်တပ်ဘက်က လေယာဉ်နဲ့လာပစ်တယ်။ အခု အဲဒီလိုလာပစ်မှာ စိုးလို့ ရွာသားတွေမရှိတော့ဘူး ရှောင်နေလိုက်ပြီ” ဟု ၎င်းက ပြောသည်။ ထားဝယ်ရေနက်ဆိပ်ကမ်း လမ်းပိုင်းတွင် ရှိသည့် […]


