ပုလောတွင် ကျေးရွာများအတွင်း လက်နက်ကြီးကျည်ကျသဖြင့် ရွာသားများ ထွက်ပြေးရ
diz_admin
May 26, 2022မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ယနေ့ (မေ ၂၆) လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲနေသည့်အတွက် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (မေ ၂၆) နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ပုလောကုန်းကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာ အနီးတွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ရွာအတွင်းသို့ ကျရောက်သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ပုလောကုန်းကျေးရွာအုပ်စု၊ ဂျက်ဂါရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အိမ်တွေပေါ် လက်နက်ကြီးတွေ ကျလာလို့ အကုန်ထွက်ပြေးကြတာ။ ဗြောင်းဗြောင်းညံပဲ” ဟု ဘေးလွတ်ရာ တောထဲထွက်ပြေးနေရသည့် အသက် ၆၀ ကျော်အရွယ် ဂျက်ဂါရွာသားတစ်ဦးက ပြောသည်။ ပုလောမြို့ဖက်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို […]


