တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် တစ်သောင်းကျော်ရှိ၊ ကျန်းမာရေးစောက်ရှောက်မူလိုအပ်
diz_admin
June 6, 2022တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် တစ်သောင်းကျော်ခန့် (၁၁၆၀၀) ရှိနေဆဲဖြစ်ပြီး ကျန်းမာရေးစောက်ရှောက်မှု လိုအပ်လျက်ရှိကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ယနေ့(ဇွန် ၆ ရက်) ထုတ်ပြန်သည်။ ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ ၂၀၀ ကျော်၊ သရက်ချောင်းမြို့နယ်တွင် ၁၀၀၀ ခန့်၊ ထားဝယ်မြို့နယ်တွင် ၁၂၀၀ ခန့်၊ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၃ ခုတွင် ၁၂၀၀ ခန့်၊ တနင်္သာရီမြို့နယ်တွင် ၈၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းစစ်ဘေးရှောင်များတွင် အခြေခံကျန်းမာရေးလိုအပ်ချက်နှင့် ဝမ်းပျက်၊ ဝမ်းလျှောကဲ့သို့သော ကူးစက်ရောဂါ၊ ခြင်မှတစ်ဆင့် ဖြစ်ပွားသည့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စသည့်ရောဂါတို့ကို ကုသရန် ဆေးဝါးနှင့် ကုသပေးမည့် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူ အများအပြား လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ တိုက်ပွဲဖြစ်ရာဒေသများကို […]


