မြိတ်မြို့ လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ်ရှစ်ရာကျော်ဖြစ်လာ
diz_admin
June 17, 2022မြိတ်မြို့ပေါ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ်တစ်ရာကျော် ဈေးမြင့်တက်သွားသဖြင့် တစ်ယူနစ် ကျပ်ရှစ်ရာကျော် ပေးဆောင်နေရပြီဖြစ်ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။ ဧပြီလ အသုံးပြုခအတွက် တစ်ယူနစ်လျှင် ၇၃၀ ကျပ်နှုန်းကောက်ခံရာမှ မေလတွင် ၈၄၅ ကျပ်သို့ တိုးမြှင့်ကောက်ခံ လာကြောင်း ၎င်းတို့က ပြောသည်။ “ဈေးက ခဏခဏတက်နေတာပဲ။ မတတ်နိုင်ဘူး။ မီးမသုံးလို့လည်း မရဘူးလေ” ဟု မြိတ်တောင်ရပ်နေ အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ မြိတ်လျှပ်စစ်မီတာခဈေးနှုန်းတို့မှာ ယခုနှစ်အစ ဇန်နဝါရီလတွင် ၄၇၈ ကျပ်၊ ဖေဖော်ဝါရီလတွင် ၅၆၅ ကျပ်နှင့် မတ်လတွင် ၇၆၅ ကျပ် စသဖြင့် ဈေးတက်လာခဲ့သည်။ ဧပြီလတွင် တစ်ယူနစ် ၃၀ ကျပ် ဈေးကျဆင်းသဖြင့် ၇၃၀ ကျပ်ဖြစ်ခဲ့ပြီး မေလတွင် […]


