မြန်မာသို့ လက်နက်ရောင်းချသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ဖမ်းမိကြောင်း ထိုင်းရဲပြော
diz_admin
June 15, 2022မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၁၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းနှိမ်နှင်းရေးအဖွဲ့ (Crime Suppression Division) က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံရှိ ခရိုင် ၅ ခုတွင် တရားမဝင် လက်နက်အရောင်းအဝယ်ပြုလုပ်နေသော ကွင်းဆက်အဖွဲ့အစည်းများကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းဖမ်းဆီးစဉ်တွင် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချသူကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဆိုသည်။ တရားမဝင် လက်နက်မှောင်ခိုဈေးကွက်ကို Mr. Danupol အမည်ရှိ ထိုင်းရွာသူကြီးတစ်ဦးက ဆောက်ရွက်နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ ရောင်းချနေသူလည်းဖြစ်ကြောင်း ထိုင်းစုံစမ်းထောက်လှမ်းရေးဗဟိုဌာန (CIB) မှ ဒုတိယရဲချုပ် Jirabhop Bhuridej က ပြောဆိုသည်။ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေသော အသက် ၃၂ နှစ်အရွယ် ဒါနူပေါလ် (Danupol) […]


