လောင်းလုံးတွင် ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ၊ နေအိမ်နှစ်ဆောင်လည်း မီးရှို့ခံရ
diz_admin
June 17, 2022ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဇွန်လ ၁၆ ရက်နေ့ ညက ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ အပြင်းအထန်ရသည့်အပြင် နေအိမ်နှစ်ဆောင်လည်း မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။ လောင်းလုံးမြို့ အရှေ့ဖက် ၄ မိုင်ခန့်အကွာ ဝေဒီကျေးရွာသို့ စစ်ကောင်စီတပ်သားများ ဇွန်လ ၁၆ ရက် ည ၁၀ နာရီအချိန်က ရောက်ရှိလာပြီးနောက် ယင်းသို့ဖြစ်ပွားခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ဒေါ်သန်းဌေးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေအိမ်လည်း မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။ “ဒေါ်သန်းဌေးက အိမ်မှာက ကုန်စုံဆိုင်လေး ရှိတယ်။ အခု အဲဒီကုန်စုံဆိုင်လည်း မီးလောင်သွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် ဒေါ်သန်းဌေးနှင့် တစ်ခြံတည်းတွင်နေထိုင်သည့် တူမဖြစ်သူ မနွယ်နီဌေးကိုလည်း ဖမ်းဆီးသွားပြီးနောက် […]