တစ်ပတ်အတွင်း မြန်မာ့ရေးရာ
diz_admin
June 24, 2022မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch၊ ဇွန် (၁၈-၂၄) ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို စိုးရိမ်ကြောင်း ကုလသမဂ္ဂပြော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အကျဉ်းထောင်သို့ ဇွန်လ ၂၂ ရက်က ပြောင်းရွှေ့ထားရှိမှုအပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်သည်။ နေအိမ်အကျယ်ချုပ်ထားရှိရာမှ ယင်းသို့နေပြည်တော် အကျဉ်းထောင်အတွင်းရှိ သီးသန့်ဆောင်သို့ ပြောင်းရွှေ့လိုက်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စိုးရိမ်မိကြောင်း ၎င်းက ဇွန်လ ၂၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကို အပတ်စဥ် ရုံးထုတ်စစ်ဆေးနေသည့် အမှုအားလုံးကိုလည်း နေပြည်တော်စည်ပင်၀င်းထဲမှ အထူးတရားခွင်အစား နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးကို ဇွန်လ ၂၃ ရက်မှစ၍ ပြောင်းရွှေ့စစ်ဆေးနေကြောင်းလည်း သတင်းများအသိရသည်။ […]


