ဝေါလေတိုက်ပွဲကြောင့် ထိုင်းသို့စစ်ဘေးရှောင်နေသည့် မြန်မာဒုက္ခသည် ၁၁၈ ဦးကို နေရပ်ပြန်ပို့
diz_admin
July 27, 2022မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ၊တာခ့်ခရိုင် ဖို့ဖရာ့ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည် ၁၁၈ ဦးကို ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကရင်ပြည်နယ် မြဝတီမြိုနယ် ဝေါလေဒေသအတွင်း ဇွန်လကုန်ပိုင်းက စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယင်းမြန်မာဒုက္ခသည်များမှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံ တာခ့်ခရိုင် ဖို့ဖရာ့ဒေသအတွင်းရှိ ယာယီစစ်ရှောင်စခန်းများတွင် ခိုလုံခွင့်ပေး၍ လိုအပ်သည်များကို အကူအညီပေးလျက်ရှိကြောင်း၊ တိုက်ပွဲများငြိမ်သွားသဖြင့် မြန်မာနိုင်ငံဘက်သို့ အသုတ်လိုက် ပို့ဆောင်ပေးလျက်ရှိရာတွင် ယခုအကြိမ်မှာ ဘန့်မူအ်လုချိုင်ယာယီစခန်းမှ နောက်ဆုံးအသုတ်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ နောက်ဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံသို့ နေရပ်ပြန်ပို့ပေးသော မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၁၁၈ ဦးတွင် အမျိုးသား ၆၈ ဦးနှင့် အမျိုးသမီး ၅၀ […]


