Mie Sedaap ခေါက်ဆွဲထုပ်ခြောက်မျိုး စားသုံးရန်မသင့်ကြောင်း FDA ကြေညာ
diz_admin
October 13, 2022အင်ဒိုနီးရှားနိုင်ငံထုတ် Mie Sedaap အမှတ်တံဆိပ် Spicy ခေါက်ဆွဲအစပ်ထုပ် အပါအဝင် အသင့်စား ခေါက်ဆွဲ ခြောက်ထုပ် ခြောက်မျိုးကို စားသုံးရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါကွတ်ကဲရေးဦးစီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့ က ထုတ်ပြန်ကြေညာသည်။ Mie Sedaap အမှတ်တံဆိပ် ခေါက်ဆွဲထုပ်များကို တနင်္သာရီတိုင်းတွင်လည်း လူငယ်များ ဝယ်ယူစားသုံးမှုများကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယင်းအမှတ်တံဆိပ်ဖြင့် ထုတ်သည့် ခေါက်ထုတ်များအနက် ခေါက်ဆွဲထုပ်ခြောက်မျိုးတွင် အစားအသောက်များ၌ သုံးခွင့်မရှိသည့် ပိုးသတ်ဆေးတစ်မျိုးဖြစ်သော အက်ထရင်းအောက်ဆိုဒ် (Ethylene oxide) ပိုမိုပါဝင်နေကြောင်း အောက်တိုဘာလ ၁၁ ရက်က စင်ကာပူနိုင်ငံစားနပ်ရိက္ခာအေဂျင်စီ (SFA) က ထုတ်ပြန်ခဲ့သည်။ ထို့နောက် ယင်းပစ္စည်းများကို ဈေးကွက်အတွင်းမှ လိုက်လံသိမ်းဆည်းနေသည်ဟု FDA ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြသည်။ စားသုံးရန် […]


