လောင်းလုံး ဝဗျောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
diz_admin
November 17, 2022လောင်းလုံးမြို့နယ် ဝဗျောရွာတွင် နိုဝင်ဘာလ ၁၆ ရက် ညနေ ၆ နာရီခန့်က အသက် ၃၅ နှစ်ရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူမှာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သော ကိုဖြိုးဆိုသူဖြစ်ပြီး ဝဗျောရွာတွင်ရှိသော ယောက္ခမဖြစ်သူ၏ နေအိမ်သို့ ရောက်ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူက သူ့ဇနီးဘက်က ဆွေမျိုးတစ်ယောက်ရဲ့ အလှူရှိလို့ ရွာမှာ ရောက်နေတာ လေးငါးရက်လောက်ရှိပြီ။ ဘာကြောင့် ပစ်သတ်ခံရတာဆိုတာကိုတော့ မသိဘူး” ဟု ၎င်းကပြောသည်။ ကိုဖြိုးဆိုသူအား Dawei Defense Team-DDT တပ်ခွဲ (၃) က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က နိုဝင်ဘာလ ၁၆ ရက်ညတွင် ထုတ်ပြန်ထားသည်။ ကိုဖြိုးဆိုသူသည် ထားဝယ်ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအောင်စိန်၏ […]


