တစ်ပတ်အတွင်း မြန်မာ့ရေးရာ
diz_admin
October 29, 2022မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဒုက္ခသည် ၁၄သိန်းကျော်လာပြီ မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၂၇ ရက်အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် ဒုက္ခသည် ၁ ဒသမ ၄ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာလ ၂၆ ရက်တွင် ထုတ်ပြန်သည်။ ယင်းဒုက္ခသည်များအနက် တစ်သန်းကျော်သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုတို့ကြောင့် ဖြစ်ပြီး ကျန်သုံးသိန်းသုံးသောင်းကျော်မှာ အာဏာမသိမ်းခင်ကပင် နေရပ်စွန့်ခွာ ထွက်ပြေးနေရ သူများဖြစ်သည်ဟု ဖော်ပြသည်။ ယင်းသုံးသိန်းကျော်တွင် ရခိုင်ပြည်နယ်က အများဆုံးဖြစ်သည်။ နိုင်ငံတဝှမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုများ၊ အရပ်သားပြည်သူပိုင် […]