တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
July 8, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ အရှေ့တီမော အစိုးရကျမ်းကျိန်ပွဲ NUG တက်ခွင့်ရ၊ စစ်ကောင်စီကန့်ကွက် တီမောလက်စ်တေးနိုင်ငံ ဝန်ကြီးချုပ်သစ်နဲ့ အစိုးရအဖွဲ့ဝင်တွေ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားဝင် ဖိတ်ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ NUG တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ဇူလိုင်လ ၁ရက်နေ့က ကျင်းပတာဖြစ်ပါတယ်။ တီမောလက်စ်တေးနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်တို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်မှာ သမ္မတနဲ့လည်း သီးသန့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ အခုလိုတက်ရောက်ဖို့ အသိအမှတ်ပြုဖိတ်ကြားခံရတာဟာ NUG အနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ […]


