ဒီပဲယင်းတွင် စာသင်ကျောင်းကို လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးငယ်များအပါအဝင် ၁၇ ဦးသေဆုံး
Dawei Watch
May 12, 2025စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ယနေ့ နံနက် ၁၀နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကျောင်းသား၊ ကျောင်းသူ အများစု အပါအဝင် ၁၇ ဦးသေဆုံးကြောင်း စစ်ကိုင်းအခြေစိုက် S&C မီးဘေး၊ စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ပေးရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ မေလ ၁၂ရက်တွင် မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၊ ကျောင်းသားကျောင်းသူများ အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားကြသည်။ လတ်တလောတွင် သေဆုံးသူ ၁၇ဦးကို အတည်ပြုထားနိုင်ပြီး သေဆုံးသူ ထပ်တိုးလာနိုင်သေးကာ ဒဏ်ရာရရှိသူ ၅၀ခန့်ရှိကြောင်းလည်း S&C မီးဘေး၊ စစ်ဘေး […]