ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်းနေ့စဉ်ဖြတ်သန်းမှုစာရင်းနှင့် တရားခွင် ရုပ်သံမှတ်တမ်းပေါက်ကြား
Dawei Watch
June 18, 2025နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်းတရားရုံးအတွင်း တရားရင်ဆိုင်နေသည့် ရုပ်သံမှတ်တမ်းနှင့် ထောင်တွင်းနေ့စဉ်ဖြတ်သန်းမှု စာရင်းမှတ်တမ်းများ ကမ္ဘောကျော် ဂါးဒီးယန်းသတင်းဌာနသို့ ပေါက်ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ နီးကပ်လာချိန်တွင် အကျဉ်းထောင်အတွင်း သူမ၏ နေ့စဉ်ဘဝဖြတ်သန်းမှုကို တစေ့တစောင်း မြင်ယောင်ခွင့်ပေးသည့် အဆိုပါ မှတ်တမ်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ ရုပ်သံမှတ်တမ်းနှင့် စာရင်းမှတ်တမ်းများကို CDM စစ်သားများဖြင့် စုဖွဲ့ထားသည့် ပြည်သူ့ရင်ခွင်အဖွဲ့က ဂါးဒီးယန်းသတင်းဌာနသို့ ပေးပို့ခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ပြင်ပကမ္ဘာနှင့်ထိတွေ့ခွင့်မရှိဘဲ သူမ၏ ရှေ့နေအဖွဲ့နှင့်သာ ရှားရှားပါးပါး တွေ့ဆုံခွင့်ရလေ့ရှိသည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် ဒီဇင်ဘာလမှ အဆိုပါ မှတ်တမ်းရုပ်သံဖိုင်များတွင် ဒေါ်အောင်ဆန်းစုကြည်အား ယာယီအထူးတရားရုံးအတွင်း ဦးဝင်းမြင့်နှင့်အတူ တရားရင်ဆိုင်နေသည်ကို တွေ့ရသည်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်ပေါင်းများစွာဖြင့် […]


