ကမ္ဘာ့ရွှေဈေးကျနေသော်လည်း ပြည်တွင်းရွှေဈေးတက်
diz_admin
April 22, 2023ကမ္ဘာ့ရွှေဈေးကျနေသော်လည်း ပြည်တွင်းဈေးနှုန်းမှာ အတက်ဘက်ရောက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။ လက်ရှိကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ဒေါ်လာ ၂၀၀၀ ကျော်မှ ၁၉၈၃ ဒေါ်လာသို့ ကျဆင်းလာကာ အကျဘက်ရောက်နေသည်။ တစ်အောင်စလျှင် ဒေါ်လာနှစ်ထောင်ကျော် ပေါက်ဈေးရှိချိန်က ပြည်တွင်းအခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းလေးသောင်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဧပြီလ ၂၂ ရက်နေ့တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၈၃ ဒေါ်လာပေါက်ဈေးရှိချိန်တွင် ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းရှစ်သောင်း ဈေးဖွင့်ထားသည်။ စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးမည်ဆိုသည့်သတင်းမှာ ယခုအပတ်တွင်း ထွက်ပေါ်နေခြင်းဖြစ်သည်။ ယင်းသတင်းကြောင့်ပင် ကမ္ဘာ့ရွှေဈေးကျချိန်တွင် ပြည်တွင်းရွှေဈေး တက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ကမ္ဘာ့ဈေးသာတက်သွားရင်တော့ မြန်မာ့ရွှေစျေးက ပိုခုန်တက်မယ့် သဘောရှိမယ်” ဟု အဆိုပါရွှေဆိုင်ပိုင်ရှင်က ပြောသည်။ စစ်ကောင်စီ၏ စီမံ/ဘဏ္ဏာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကမူ […]