တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
November 11, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ လောက်ကိုင်သို့ ဦးတည်လာတဲ့ ရှမ်းမြောက်စစ်ဆင်ရေး လောက်ကိုင်ဒေသကို ပြန်လည်သိမ်းယူဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဦးတည်ကြိုးပမ်းလာပါတယ်။ လောက်ကိုင်ဒေသ ပြန်လည်ရရှိရေးအတွက် စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ နိုဝင်ဘာလ ၇ရက်နေ့က မြောက်မိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က ပူးတွဲ ကြေညာထားပါတယ်။ အဲဒီနောက် နှစ်ရက်အကြာ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ လောက်ကိုင်မြို့သိမ်းတိုက်ပွဲ၊ ကွမ်းလုံမြို့သိမ်းတိုက်ပွဲ အတွက် မဟာဗျူဟာမြောက် ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေး ဖော်ဆောင်နေတယ်လို့ ထုတ်ပြန်လာပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ […]


