မုန်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူခုနစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်
Dawei Watch
December 7, 2023ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ခုနစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဒီဇင်ဘာလ ၇ရက်တွင် ထုတ်ပြန်သည်။ လေကြောင်းဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရေလဲ ကျေးရွာအတွင်းရှိ ဘုရားကျောင်းတစ်ကျောင်းနှင့် နေအိမ် လေးလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့ပေါ် ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာ ၉၅ ရွာက ဒေသခံပြည်သူ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ထုတ်ပြန်သည်။ ယင်းအနက် စာရင်းကောက်ယူရရှိထားသည့် ကျေးရွာ ၈၅ ရွာက ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၆၈,၀၀၀ ကျော် ရှိကြောင်းလည်း ဖော်ပြသည်။ စစ်ဘေးရှောင်များအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သည့် စာနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် […]


