တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
August 27, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းသူတွေကို အမေရိကန်အရေးယူ နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတဲ့ မြန်မာစစ်ကောင်စီအတွက်လေယာဉ်ဆီ တင်သွင်းပေးတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန်အစိုးရက အရေးယူလိုက်ပါတယ်။ စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေတဲ့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ အရင်ကပင် ပိတ်ဆို့အရေးယူထားရာမှာပါဝင်တဲ့ Asia Sun ကုမ္ပဏီအုပ်စုထဲက ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင် ဦးဇော်မင်းထွန်းတို့ကို ဩဂုတ်လ ၂၃ ရက်က အရေးယူလိုက်တာပါ။ ဒေါ်ခင်ဖြူဝင်းပိုင်တဲ့ လုပ်ငန်းခွဲ ၂ ခုဖြစ်တဲ့ PEIA (Puma Energy Irrawaddy Aviation) […]