စစ်ကောင်စီစခန်း ၁၄၀ ကျော်ကို သိမ်းယူနိုင်ခဲ့ကြောင်း AA ထုတ်ပြန်
Dawei Watch
December 15, 2023၁၀၂၇ စစ်ဆင်ရေးကာလ ၄၅ ရက်အတွင်း စစ်ကောင်စီ၏ စစ်ရေးအချက်အခြာကျသော ဗျူဟာကုန်းများ၊ တပ်စခန်းများ၊ ရဲစခန်းများ၊ စစ်ဘက်ရဲဘက် ပူးပေါင်းစခန်းများ၊ နယ်ခြားစောင့်စခန်းများ စုစုပေါင်း ၁၄၂ ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၅ ခုနှင့် ချင်းပြည် နယ် ပလက်ဝမြို့နယ်တို့တွင် သိမ်းယူထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်တွင် စခန်း ၆၂ခုဖြင့် အများဆုံးသိမ်းယူထားပြီး ပလက်ဝမြို့နယ်တွင် ဗျူဟာ နှစ်ခု အပါအဝင် စခန်း ၁၇ ခုဖြင့် ဒုတိယအများဆုံး […]


