တနင်္သာရီတိုင်းတွင် မျက်စိနာသူများနေ
Dawei Watch
September 27, 2023တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် မျက်စိနာရောဂါ အဖြစ်များနေကြောင်း သိရှိရသည်။ မျက်စိနာရောဂါသည် စက်တင်ဘာလ ပထမအပတ်မှစပြီး စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး စာသင်ကျောင်းများတွင် ကူးစက်မှုများလည်း ရှိနေကြောင်း ကျောင်းသားမိဘအချို့က ဆိုသည်။ “အိမ်မှာဆိုရင် မူကြိုတက်နေတဲ့ အငယ်ဆုံးကလေးက စပြီးဖြစ်တာ တစ်အိမ်သားလုံးကူးကြတာပဲ” ဟု မြိတ်မြို့၊ သာကေတရပ်နေ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ တစ်အိမ်သားလုံး ကူးစက်ကြသည့်အတွက် ပုဂ္ဂလိကဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့ရာ မျက်စိနာရောဂါဖြင့် လာရောက်ပြသူ တော်တော်များများ တွေ့ရှိရကြောင်း အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောပြသည်။ မျက်စိနာမှာ ပိုးရှိသည့် မျက်ရည်များ၊ မျက်ဝတ်များကို ထိတွေ့မိရာမှ တစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းဖြစ်ပြီး မျက်လုံးကို ပိုးရှိသည့်လက်၊ အဝတ်တို့ဖြင့် ကိုင်တွယ်မိခြင်းကြောင့် ကူးစက်ခြင်းဖြစ်ကြောင်း […]