မြောက်ဦးခရိုင်ရဲစခန်း၊ ပလက်ဝ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယနယ်စပ်က စစ်စခန်းတစ်ခုတို့ကို AA သိမ်းယူ
Dawei Watch
December 29, 2023ရခိုင်ပြည်နယ် မြောက်ဦးခရိုင်ရဲစခန်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ် ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်းတစ်ခုတို့ကို သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၆ ရက် ညပိုင်းတွင် မြောက်ဦးခရိုင်ရဲစခန်းကို သိမ်းယူနိုင်ခဲ့ပြီး နောက်တစ်ရက် ဒီဇင်ဘာလ ၂၇ ရက် နံနက်တွင် ခဝဲဗျူဟာကုန်းကို သိမ်းယူရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းနောက် ဒီဇင်ဘာလ ၂၈ ရက် နံနက်တွင် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုဖြစ်သည့် ပွိုင့် ၃၇၇ စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါစခန်းကုန်းများတွင် စစ်ကောင်စီတပ်ဘက်က အလောင်း အမြောက်အများ ရရှိပြီး လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရမိကြောင်း AA […]


