ဆန္ဒပြပွဲသတင်းယူနေချိန် ကားဖြင့်တိုက်ပြီးဖမ်းဆီးခံရသည့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းပြန်လွတ်
Dawei Watch
January 4, 2024ဆန္ဒပြပွဲ သတင်းရယူနေချိန် စစ်ကားဖြင့်ဝင်တိုက်ကာ ဖမ်းဆီးခံခဲ့ရသည့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း ယနေ့ ဇန်နဝါရီလ ၄ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ရက်က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားဖြင့် ဝင်တိုက်ဖြိုခွဲဖမ်းဆီးခဲ့သည်။ ယင်းဆန္ဒပြပွဲတွင် သတင်းယူနေသည့် ကိုကောင်းဆက်လင်းလည်း ကားဖြင့် တိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရကာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် စစ်ကောင်စီက ကိုကောင်းဆက်လင်းကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်သုံးနှစ် ချမှတ်ခဲ့သည်။ ဖမ်းဆီးခံရပြီး၂နှစ်အကြာတွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။ “နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်သူငယ်ချင်းတွေ အထဲမှာ (ထောင်ထဲမှာ) အများကြီးကျန်ခဲ့သေးတယ်။ သူတို့ကိုလည်း အမြန် ပြန်လွတ်စေချင်တယ်။ ကျွန်တော် အမေ့ဆီပြန်ချင်တယ်။ ကျွန်တော့အမေဆုံးတာ ရှစ်လပြည့်ပြီ။ […]


