ကွတ်ခိုင်ဗျူဟာကုန်းကို တအာင်းတပ်သိမ်းယူ
Dawei Watch
January 8, 2024ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဗျူဟာကုန်းကို ဇန်နဝါရီလ ၇ရက် ည ၁၁နာရီဝန်းကျင်တွင် သိမ်းယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။ ကွတ်ခိုင်ဗျူဟာကုန်းအပြင် သိန္နီအခြေစိုက် စကခ (၁၆) နောက်တန်းဌာနချုပ်ကိုလည်း ဇန်နဝါရီလ ၇ရက် နံနက်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ စခန်းသိမ်းတိုက်ပွဲ နောက်ဆက်တွဲအခြေအနေကို ဆက်လက်ထုတ်ပြန်မည်ဟု ဆိုသည်။ ကွတ်ခိုင်ဗျူဟာကုန်းတွင် ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ပတ်ဝန်းကျင်ရှိ စခန်းများကို ကွက်ကဲနေသည့် အရေးကြီးသည့် ဗျူဟာကုန်းတစ်ခုဖြစ်သည်။ ကွတ်ခိုင်တွင် စစ်ကောင်စီတပ်ရှိနေသည့် နောက်ဆုံးစခန်းကုန်းဖြစ်သဖြင့် ကွတ်ခိုင်မြို့ကို တအာင်းတပ်နှင့် မဟာမိတ်တို့က ထိန်းချုပ်နိုင်ပြီဟု ဆိုနိုင်သည်။ ကွတ်ခိုင်မြို့ကို ဒီဇင်ဘာလကုန်နေ့ကပင် စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။ တိုက်ပွဲပြင်းထန်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း ဆိုသည်။ ဇန်နဝါရီလ ၇ ရက်တွင် […]


