တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
December 9, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်ပြေးတွေကို ပြန်ခေါ်နေရ ခွင့်မဲ့၊ စစ်ပြေးစစ်သည်တွေ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ဆန္ဒပြုလာရင် လက်ခံမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ စစ်မှုထမ်းဟောင်းတွေ၊ ကျန်းမာရေးအရ ထွက်ခွင့်ရထားတဲ့ စစ်သည်ဟောင်းတွေ၊ ခွင့်မဲ့၊ စစ်ပြေးစစ်သည်တွေ တာဝန် ပြန်ထမ်းဆောင်ဖို့ ဆန္ဒပြုလာသူ ငါးရာကျော်ရှိတယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းဖို့ဆန္ဒပြုတဲ့ သာမန်ပြစ်မှုကျူးလွန်တဲ့စစ်သားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမယ်လို့ ဒီဇင်ဘာလ ၃ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီနောက် ဒီဇင်ဘာလ ၇ရက်နေ့မှာပဲ မန္တလေး၊ တောင်ငူ၊ ပြည်၊ ကလေး၊ ပုသိမ်၊ စစ်တွေ စတဲ့ အကျဉ်း ထောင်တွေကနေ စစ်သားတွေကို လွှတ်ပေးပြီး တပ်ထဲခေါ်သွားတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ […]