တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
December 16, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကို ကျော်ပြီး ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာပါတယ်။ ဒီနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှု ၃၆ရာခိုင်နှုန်းတိုးလာပြီး တစ်နှစ်အတွင်း တန်ပေါင်းတစ်ထောင်ကျော် ထုတ်လုပ်ခဲ့ တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သုံးနှစ်ဆက်တိုက် တိုးလာပြီး ဒီနှစ်မှာ အများဆုံးဖြစ်လာ ပါတယ်။ အာဖဂန်နစ္စတန်မှာ မူးယစ်ဆေးဝါး တားမြစ်ပိတ်ပင်မှုတွေကြောင့် ဘိန်းစိုက်ပျိုးမှု လျော့ကျလာချိန် လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်နေတဲ့ […]