ပေါက်တောမြို့သို့ စစ်ကူလာသည့် စစ်သင်္ဘောသုံးစီးကိုပစ်ခတ်ရာ တစ်စီးထိမှန်ဟု AA ပြော
Dawei Watch
December 22, 2023ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ စစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းရန် စစ်သင်္ဘောသုံးစီးဖြင့် လာရောက်ချိန် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တစ်စီးထိမှန်ကာ နောက်ပြန်လှည့်သွားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၁ ရက် မွန်းလွဲ ၁နာရီခန့်တွင် ပေါက်တောမြို့ပေါ်တွင် စစ်ကောင်စီတပ် လက်ကျန်တပ်ဖွဲ့ဝင်တို့နှင့် AA တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ်ဘက်က ယင်းနေ့တွင် စစ်သင်္ဘောသုံးစီးဖြင့် စစ်အင်အားဖြည့်တင်းရန်လာချိန် AA က ပစ်ခတ်ရာ တစ်စီးထိမှန်သဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဒဏ်ရာရကြောင်း AA က ထုတ်ပြန်ထားသည်။ မြို့ပေါ်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် (၃) ထဲရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဖော်ပြသည်။ စစ်ကောင်စီတပ်သည် ပေါက်တောမြို့သို့ စစ်အင်အား၊ […]