တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
December 30, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ မြို့နယ်ထက်ဝက်ကျော် မိုင်းအန္တရာယ်ရှိ မြန်မာနိုင်ငံရဲ့ မြို့နယ်ထက်ဝက်ကျော်ဟာ မြေမြှုပ်မိုင်းအန္တရာယ်ကျရောက်နေပြီး ပြီးခဲ့တဲ့ ၂၂ နှစ်တာကာလအတွင်းမှာ မိုင်းကြောင့် လူတစ်ထောင်ကျာ် သေဆုံးခဲ့ရသလို ငါးထောင်နီးပါးလည်း ဒဏ်ရာရခဲ့ပါတယ်။ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor) ရဲ့ ဒီဇင်ဘာလ အစီရင်ခံစာမှာ ဖော်ပြတာပါ။ အာဏာသိမ်းပြီးနောက်မှာ မြေမြှုပ်မိုင်းအန္တရာယ် သိသိသာသာ တိုးလာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေပါတယ်။ ၂၀၂၀ နဲ့ နှိုင်းစာရင် […]