ရခိုင်သို့ လေကြောင်းဖြင့် ပြန်လာသူများ ဖမ်းဆီးစစ်ဆေးခံနေရ
Dawei Watch
February 20, 2024ရန်ကုန်မှ ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်ဖြူမြို့များသို့ လေကြောင်းဖြင့် ပြန်လာသည့် လူငယ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးနေကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။ ရန်ကုန်မှ ကျောက်ဖြူသို့ ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် လေယာဉ်ဖြင့် ပြန်လာသည့် လူငယ်များကို လေယာဉ်ပေါ် မှ အဆင်းတွင် စစ်ကောင်စီတပ်၊ ရဲနှင့် ထွေအုပ်တို့က ကားများပေါ်သို့ တင်ဆောင်ကာ ရမ္မာဝတီခန်းမသို့ ခေါ်ဆောင်သွားကြောင်း ဆိုသည်။ နှစ်ရက်အတွင်း ဖမ်းဆီးခံရသည့် လူငယ်တစ်ရာကျော် ရှိနိုင်ကြောင်း ဒေသတွင်းသတင်းတို့က ရေးသားသည်။ ယင်းအပြင် ရန်ကုန်မှ စစ်တွေမြို့သို့ လေယာဉ်ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြန်လာသည့် လူငယ်များလည်း စစ်တွေ လေဆိပ်တွင် ဖမ်းဆီးခံရပြီး လောကာနန္ဒာဘုရားဓမ္မာရုံတွင် စစ်ဆေးခံနေရကြောင်း သတင်းများက […]