စစ်ကောင်စီတပ်များ လက်နက်ချအညံ့ခံသဖြင့် ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်
Dawei Watch
March 25, 2024ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းရှိ စစ်ကောင်စီတပ်များ လက်နက်ချအညံ့ခံလိုက်သဖြင့် ယနေ့ (မတ် ၂၅) မွန်းလွဲပိုင်းတွင် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်ကစပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲဒုတိယနေ့တွင် ရဲစခန်းရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့က လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ၊ စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟုလည်း တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။ လက်ရှိတွင် ကော့ဘိန်းနှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများလည်း ဆက်လုပ်နေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ရဲစခန်းကတော့ အသိမ်းခံလိုက်ရပြီ။ စခန်းက ပစ်နေတာမရှိတော့ပေမယ့် လေယာဉ်နဲ့ […]