စစ်ကောင်စီ လွတ်ငြိမ်း နိုင်ငံရေးသမားအချို့နှင့် ထင်ရှားသူအချို့ပါဝင်
Dawei Watch
April 17, 2024မြန်မာနှစ်ဆန်းတစ်ရက်တွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးရာ၌ ဝန်ကြီး၊ လွှတ်တော်အမတ်အချို့နှင့် ထင်ရှားသူအချို့သာ ပါဝင်လာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်တွင် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး တာဝန်ယူခဲ့သည့် ဦးနေဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးတာဝန်ယူခဲ့သည့် ဦးဇော်ဝင်းတို့ မြစ်ကြီးနားအကျဉ်းထောင်မှ ယနေ့ လွတ်မြောက် လာသည်ကို တွေ့ရသည်။ အဆိုပါ ဝန်ကြီးနှစ်ဦးသည် စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဖမ်းဆီးခံရသူများဖြစ်သည်။ ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၅) ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံခဲ့ရပြီး လွတ်ရက်စေ့ခါနီးတွင် လွတ်မြောက်လာခြင်း ဖြစ်သည်။ မြစ်ကြီးနားအကျဉ်းထောင်က ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်းလည်းဖြစ် အကြံပေးပုဂ္ဂိုလ် လည်းဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန်လည်း ယနေ့ လွတ်မြောက်လာသည်ကို တွေ့ရသည်။ မတရားအသင်းဆက်သွယ်မှု၊ ရာဇသတ်ကြီး […]