ရခိုင်တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လအတွင်း အရပ်သား ၂၇၀နီးပါးသေဆုံး
Dawei Watch
May 28, 2024ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လတာကာလအတွင်း အရပ်သား ၂၆၈ဦး သေဆုံးပြီး စစ်ဘေးရှောင် ငါးသိန်းခုနစ်သောင်းကျော်ရှိလာကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ HDCO ရုံးက မေလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦးရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူလည်း ၄၂၅ ဦး ရှိကြောင်း ဖော်ပြပါရှိသည်။ စစ်ဘေးရှောင်ဒုက္ခသည်မှာလည်း ငါးသိန်းခုနစ်သောင်းကျော်ရှိလာပြီး ယင်းအနက် သုံးသိန်းလေးသောင်းကျော်မှာ အမျိုးသမီးများဖြစ်ကာ နှစ်သိန်းကျော်မှာ အမျိုးသားများဖြစ်ကြောင်း ဆိုသည်။ အရပ်သား သေဆုံးသူများတွင် ရခိုင်လူမျိုး ၁၈၀ကျော်၊ မွတ်ဆလင် ၈၀ နီးပါး၊ ခရစ်ယာန်နှင့် […]