နောင်ချိုမြို့ကို အပြည့်အဝထိန်းချုပ်ထားကြောင်း မန္တလေး PDF ထုတ်ပြန်
Dawei Watch
June 27, 2024ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် ယင်းမြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၁၅ တို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇွန်လ ၂၆ ရက် ညတွင်ထုတ်ပြန်ထားသည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်ကာ ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) လည်း ပါဝင်နေပြီး ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုနှင့် မတ္တရာတို့တွင် မဟာမိတ်များနှင့် လက်တွဲကာ စစ်ရေးဖော်ဆောင် နေကြောင်း MDY-PDF က ဆိုသည်။ နောင်ချိုတွင် လက်ကျန်စခန်းများဖြစ်သည့် ခမရ ၁၁၄နှင့် အမြောက်တပ်ရင်း ၆၀၆ တို့ကို ဆက်လက် ထိုးစစ်ဆင်လျက် ရှိကြောင်းလည်း […]