တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
November 9, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၃ ရက်မှ ၉ ရက်အထိ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဘာတွေထူးခြားလဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ မဟာမဲခေါင်ဒေသခွဲအစည်းအဝေး၊ ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး၊ ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ နိုဝင်ဘာလ ၅ရက်မှာ ကူမင်းမြို့ကို သွားရောက်ခဲ့တာပါ။ ခရီးစဉ်မှာ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းနဲ့တွေ့ဆုံခဲ့ပြီး ရှမ်းမြောက်အရေးကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့အနေနဲ့ ငြိမ်းချမ်းရေးလိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြနိုင်မှသာ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။ ဘယ်လို […]


