မန္တလေးမစိုးရိမ် တိုက်သစ်တွင် ယနေနံနက်ပိုင်းက ရဟန်းနှစ်ပါး၏ အလောင်းထပ်တွေ့
Dawei Watch
April 1, 2025ငလျင်ကြောင့် ပြိုကျသွားသည့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်တွင် ယနေ့နံနက်ပိုင်း၌ ရဟန်းနှစ်ပါး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့သည်ဟု ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှသိရသည်။ အဆိုပါ ရဟန်နှစ်ပါးမှာ အပျက်အစီးများ အောက်တွင်ပိတ်မိနေသည့် အတွက် ယနေ့ နံနက်ပိုင်းအထိ အလောင်းမထုတ်ယူနိုင်သေးကြောင်း ကယ်ဆယ်ရေးအဖွဲ့တွင်ပါဝင်သူ တစ်ဦးကပြောသည်။ “ဘော်ဒီတော့စတွေ့ ထားပါပြီ ထုတ်ယူဖို့ ကြိုးစားနေကြတယ် ဘော်ဒီတွေ့တဲ့နေရာ တစ်ဝိုက်ကို ကနဦးအပေါက်တွေ ဖောက်ထားပါတယ်” ဟု ၎င်းကပြောသည်။ မန္တလေးမစိုးရိမ်တိုက်သစ်တွင် ငလျင်ဒဏ်ကြောင့် ပျံလွန်တော်မူသည့် သံဃာစာရင်းမှာ ၂၁ ပါး ရှိပြီး ဒဏ်ရာရ ရဟန်း ၄၅ ပါးရှိကြောင်း သိရသည်။ အထက်ပါ သံဃာတော်စာရင်းမှာ မတ်လ ၃၁ ရက်နေ့တွင် မစိုးရိမ်တိုက်သစ်မှ ထုတ်ပြန်ထားသောစာရင်းဖြစ်သည်။ ယနေ့ ဆောင်ရွက်နေသည့် မန္တလေး၊ မစိုးရိမ်တိုက်သစ် ကယ်ဆယ်ရေးတွင် အိန္ဒိယ၊တရုတ်၊မြန်မာနိုင်ငံ […]


