မြန်မာ့ငလျင်ဘေး ကူညီရန်လာသည့် တရုတ်ကြက်ခြေနီယာဉ်တန်း ပစ်ခတ်ခံရမှု စစ်ကောင်စီဝန်ခံ
Dawei Watch
April 2, 2025မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ခံရသူများကို ကူညီရန်ရောက်လာသည့် တရုတ်နိုင်ငံ ကြက်ခြေနီယာဉ်တန်းကို ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံသည်။ နောင်ချိုမြို့ဘက်မှလာသည့် ယာဉ်ကိုးစီးပါဝင်သော အဆိုပါယာဉ်တန်းကို နောင်ချိုမြို့နယ် အုမ္မတီးရွာအနီးတွင် ဧပြီလ ၁ရက် ည ၉နာရီခွဲဝန်းကျင်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ “အုမ္မတီးရွာနားမှာ ကျွန်တော်တို့ တပ်မတော် လုံခြုံရေးအဖွဲ့ရှိပါတယ်။ တပ်မတော် လုံခြုံရေးအဖွဲ့အနေနဲ့ ဒီယာဥ်တန်းကို တွေ့တဲ့အခါမှာ တားဆီးပါတယ်။ တားဆီးလို့မရပါဘူး။ မီတာ ၂၀၀ လောက်အကွာ ကတည်းက မီးထိုးပြီး တားဆီးတယ်။ တားဆီးလို့မရပါဘူး။ မီတာ ၁၀၀ လောက်အကွာမှာတော့ မိုးပေါ်ထောင်ပြီး သေနတ် ၃ ချက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ နောင်ချိုဘက်ကို ပြန်သွားတာလို့ အကြမ်းအဖျင်းသိရပါတယ်’’ ဟု […]


