ငလျင် ၅ရက်မြောက်နေ့ နေပြည်တော်တွင် အမျိုးသမီးကြီးတစ်ဦး အသက်ရှင်လျက်ကယ်ထုတ်
Dawei Watch
April 1, 2025ငလျင်လှုပ်ပြီး ၅ရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁ရက်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တိုက်အမှတ် ၃၃၆၉ တွင် အမျိုးသမီးကြီးတစ်ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ အသက် ၆၃နှစ်အရွယ် အမျိုးသမီးကို ယနေ့ နံနက် ၉နာရီ ၁၅ မိနစ်ခန့်တွင် ကယ်ထုတ်နိုင်ပြီး ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ အမျိုးသမီးမှာ ဒဏ်ရာများရရှိထားကြောင်း ရုပ်သံမှတ်တမ်းအရ သိရသည်။