ထွန်းထွန်းမင်းနှင့် ညီများက ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၄၀၀ အထိရရှိထားဟုဆို
Dawei Watch
April 3, 2025မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းနှင့် ညီများ အပါအဝင် သရုပ်ဆောင် ခရစ္စတီးနားတို့က ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီရန်အတွက် အလှူငွေများ ကောက်ခံပေးနေရာ ကျပ်သိန်း ၄၀၀ အထိရရှိနေပြီဖြစ်ကြောင်း Tun Tun Min ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထွန်းထွန်းမင်းတို့ ညီအစ်ကိုသည် ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီရန်အတွက် အလှူငွေပမာဏ သိန်း ၄၀၀ ကောက်ခံရရှိထားပြီဖြစ်ပြီး အလှူငွေ ပေးအပ်လှူဒါန်းလိုသူများအနေနှင့် Viber 09778888833 ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားသည်။ လက်ရှိတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် လုံးချောလက်ဝှေ့ပရိုမိုးရှင်းကလည်း ငွေကျပ် သိန်း ၅၀ မတည်လှူဒါန်းပေးလိုက်ပြီဖြစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် အဓိကလိုအပ်သည်မှာ သောက်သုံးရေ ရေသန့်နှင့် စားနပ်ရိက္ခာသာဖြစ်သည်ဟု မန္တလေးတွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားခဲ့သော ပြင်းအား ရစ်ချ်တာစကေး […]