BREAKING
December 3, 2025

ရုပ်သံ

ထိုင်းရောက် မြန်မာတွေရဲ့ ပင့်သက်ရှိုက်သံ

Dawei Watch

August 29, 2024

ပြည်တွင်းပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် မြန်မာနိုင်ငံသားအများအပြား အိမ်နီးချင်းထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်သားအဖြစ် တိမ်းရှောင်ဝင်ရောက်လာကြပါတယ်။ ထိုင်းနိုင်ံငံထဲရောက်လာချိန်မှာလည်း ဘဝရှင်သန်ရပ်တည်ရေးအတွက် ပန်းရံ၊ အိမ်အကူ၊ စက်ရုံလုပ်သားစတဲ့ အောက်ခြေသိမ်း အလုပ်တွေလုပ်ကိုင်နေကြရတာပါ။ ရွှေ့ပြောင်းလုပ်သားအရေအတွက်များပြားလာတဲ့နဲ့အမျှ ထိုင်းအလုပ်ရှင်အချို့ရဲ့ ခေါင်းပုံဖြတ်မှု၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ရင်ဆိုင်နေရပါတယ်။ အခြေခံလုပ်အားခတောင်မရကြသူတွေရှိသလို သတ်မှတ်အလုပ်ချိန်ထက် နာရီပေါင်းများစွာလုပ်ကိုင်နေရသူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ ခါးသီတဲ့ဘဝ၊ အခက်အခဲ၊ စိန်ခေါ်မှုနှင့် ရင်ဆိုင်ကျော်ဖြတ်နေတဲ့ အခြေအနေတွေကို ရိုက်ကူးတင်ဆက်လိုက်ပါတယ်

ရက် ၁၂၀ စီမံချက်နဲ့ ထိုင်းရဲတွေ အဖမ်းအဆီးကြမ်းနေချိန်မှာ ဘယ်လိုနေထိုင်ကြမလဲ

Dawei Watch

August 8, 2024

ထိုင်းအာဏာပိုင်တွေက ရက် ၁၂၀ စီမံချက်ဆိုပြီး အထောက်အထားမဲ့ မြန်မာတွေအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို အဖမ်းအဆီးကြမ်းနေပါတယ်။ ဇွန်လ ၅ ရက်ကနေ ဇူလိုင်လ ၁၁ ရက်နေ့အထိ နိုင်ငံခြားသားအလုပ်သမား တစ်သိန်းကျော်ကို စစ်ဆေးခဲ့ရာမှာ မြန်မာ ၆၀၀ နီးပါး အဖမ်းခံလိုက်ရပါတယ်။ ဒါကြောင့် ဒီလိုအဖမ်းအဆီးကြမ်းနေချိန်မှာ အန္တရာယ်ကင်းဖို့ ဘယ်လိုနေထိုင်သင့်လဲဆိုတာကို မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Labour Rights Foundation (LRF) က တာဝန်ရှိသူက အခုလိုပြောဆိုထားပါတယ်။

မြန်မာလုပ်သားတွေ ထိုင်းထီဆုကြီးပေါက်ရင် ဘာအခက်အခဲတွေကြုံရလဲ

Dawei Watch

May 2, 2024

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘတ် ၆ သန်းဆုအပါအဝင် ထိုင်းထီဆုကြီးတွေ ပေါက်ပေမယ့် အလွယ်တကူ ဆုထုတ်ယူနိုင်တဲ့ အခြေအနေမှာ ရှိမနေပါဘူး။ ထိုင်းထီဆုကြီးပေါက်ခဲ့ရင် ဘန်ကောက်ကရုံးမှာပဲ ထုတ်ပေးလေ့ရှိတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေအဖို့ လက်လှမ်းမမီ ဖြစ်နေကြတာပါ။ ထီဆုကြီးတွေကို ကိုယ်တိုင်ထုတ်ယူဖို့ အခက်အခဲရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပစ်မှတ်ထားပြီး လိမ်လည်သူတွေ၊ အကူအညီပေးမယ်ဆိုပြီး မိတ်ဆွေတွေ၊ သူဌေးတွေက ဆုကြေးကို အပြည့်မထုတ်ပေးတာတွေ၊ ထီလက်မှတ် ခိုးယူခံရမယ့်အရေး အသက်အန္တရာယ်ပြုခံရမယ့် အရေးတွေလည်း ကြုံရဖို့ရှိနေပါတယ်။ ဒါကြောင့် ဘတ် ၆ သန်းကံထူးရှင် ၅၀ ဦးကို ဆုငွေထုတ်နိုင်ဖို့ ကူညီပေးခဲ့တဲ့ MAHC မဟာမိတ်အဖွဲ့က တာဝန်ရှိသူ ကိုရဲမင်းနဲ့ တွေ့ဆုံပြီး ထီဆုကြီးပေါက်တဲ့ မြန်မာရွှေ့ပြောင်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

ထိုင်းသို့တရားမဝင် ဝင်လာ၍ လဆန်း ၅ ရက်အတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်အဖမ်းခံထားရ

Dawei Watch

April 5, 2024

ထိုင်းသို့တရားမဝင် ဝင်လာ၍ လဆန်း ၅ ရက်အတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်အဖမ်းခံထားရ

ထိုင်းတောင်ပိုင်းကနေ ကော့တောင်ကျွန်းကိုသွားတဲ့ သင်္ဘောတစ်စီးမီးလောင်လို့ ၄ ဦး ဒဏ်ရာရ

Dawei Watch

April 4, 2024

ထိုင်းတောင်ပိုင်းကနေ ကော့တောင်ကျွန်းကိုသွားတဲ့ သင်္ဘောတစ်စီးမီးလောင်လို့ ၄ ဦး ဒဏ်ရာရ

လူမှုဖူလုံရေးထည့်ထားတဲ့ မြန်မာလုပ်သားတွေ အကျုံးဝင်တဲ့ဆေးရုံတွေမှာ ကျန်းမာရေးစစ်ခွင့်ရ

Dawei Watch

April 3, 2024

လူမှုဖူလုံရေးထည့်ထားတဲ့ မြန်မာလုပ်သားတွေ အကျုံးဝင်တဲ့ဆေးရုံတွေမှာ ကျန်းမာရေးစစ်ခွင့်ရ

ဂေဟာမှာ ခိုလှုံနေရတဲ့ MoU တရားဝင် မြန်မာလုပ်သားတွေ

Dawei Watch

February 1, 2024

အာဏာသိမ်းမှုနောက်ဆက်တွဲ ဂယက်တွေကြောင့် ရုန်းကန်နေရတဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ ထိုင်းမှာ တရားဝင် အလုပ် လာလုပ်ကြပေမယ့် အေဂျင်စီတွေ တာဝန်မဲ့တာ၊ မြန်မာသံရုံးဘက်က ဖြေရှင်းမှုအားနည်းတာတွေကြောင့် မြန်မာလုပ်သား တွေဟာ အလုပ်လက်မဲ့ဖြစ်နေရတာ၊ လုပ်အားခ မရတာတွေကြောင့် နေထိုင်စားသောက်ဖို့တောင် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဘန်ကောက် ကူးတို့လှေငယ်ပေါ်က ရငဲသားရဲ့ အိမ်မက်တစ်ခု

Dawei Watch

January 29, 2024

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက ရငဲကျေးရွာမှာ နေထိုင်တဲ့ အသက်၁၆ နှစ်အရွယ် လူငယ်တစ်ဦး။ ၇ တန်း အထိကျောင်းနေဖူးပြီး ကိုဗစ်အခြေအနေနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြားမှာ သူ့ရဲ့ ပညာရေး ၊ဇာတိ ၊သူငယ်ချင်းတွေကိုစွန့်ခွါပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာသူ။ ဒီလိုနေရာမှာ ရှင်သန်နေထိုင်ဖို့ သူဘယ်လိုတွေ ကြိုးစားနေရသလဲ။ သူ့ဘဝရည်မှန်းချက်က ဘာလဲ။