“ဒီမြင်ကွင်းကို ကျွန်တော့်ဇနီး မြင်စေချင်မိတယ်”လို့ ပြောလိုက်တဲ့ ပီအက်စ်ဂျီ လက်ထောက်နည်းပြ ရာဖေးလ်ပိုးလ်
Dawei Watch
June 1, 2025ပီအက်စ်ဂျီက အင်တာမီလန်ကို အနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးလိုက်ပြီးတဲ့နောက် ပီအက်စ်ဂျီလက်ထောက်နည်းပြ ရာဖေးလ်ပိုးလ်က “ဒီမြင်ကွင်းကို ကျွန်တော့်ရဲ့ဇနီးသည် မြင်စေချင်မိပါတယ်”လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ အင်တာမီလန်ကို ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးသွားခဲ့တာပါ။ ပီအက်စ်ဂျီ ဟာ အသင်းသမိုင်းကြောင်းတလျှောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိတာဖြစ်ပြီး ဒီရာသီမှာ ဖလား ၃ လုံးချန်ပီယံအဖြစ်လည်း အောင်ပွဲခံခွင့် ရရှိသွားခဲ့ပါတယ်။ ပီအက်စ်ဂျီလက်ထောက်နည်းပြ ရာဖေးလ်ပိုးလ် ဟာ ချန်ပီယံလိဂ်ဆုဖလားကြီးကို အသင်းဆွတ်ခူးနိုင်ခဲ့ပြီးမှာ မျက်ရည်တွေ ဝေ့ဝဲလာခဲ့ပြီး ကောင်းကင်ထက်ဆီကို မော့ကြည့်ကာ အောင်ပွဲခံခဲ့ပါတယ်။ သူဟာ ကွယ်လွန်သွားခဲ့တဲ့ သူ့ဇနီးကို လွမ်းဆွတ်တမ်းတပြီး သတိရစိတ်နဲ့အတူ မျက်ရည်တွေ ဝေ့ဝဲလာခဲ့တာဖြစ်တယ်လို့ ရာဖေးလ်ပိုးလ်က ပြောပြသွားခဲ့ပါတယ်။ ရာဖေးလ်ပိုးလ်ရဲ့ဇနီးဖြစ်သူဟာ ကာလရှည်ကြာခံစားခဲ့ရတဲ့ ၉၆ ပါး ရောဂါဝေဒနာတစ်ရပ်ကြောင့် […]