ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ PSA

ထိုင်းရောက် မြန်မာလုပ်သားတွေ လုပ်ငန်းခွင်လုံခြုံရေး

Dawei Watch

June 12, 2023

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သန်းကျော် အလုပ်လုပ်ကိုင်နေပါတယ်။ အလုပ်သမား အများစုကတော့ အလုပ်ကြမ်းတွေကို လုပ်ကိုင်နေကြရတာဖြစ်ပြီး အန္တရာယ်ရှိလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရသူ အများအပြားရှိနေပါတယ်။ တစ်ကယ်လို့ အန္တရာယ်ကြုံလာပြီဆိုရင်လည်း အချိန်မီ ဆေးကုသခွင့်နဲ့ ခံစားခွင့်တွေ ဘယ်လိုရယူနိုင်မလဲ ဆိုတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေး

Dawei Watch

May 29, 2023

ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ အထွေထွေ အကျပ်အတည်းတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသား အများစုက အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်းလာနေကြပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းကလေးတွေအတွက် ဘယ်လို ပညာရေးတွေရှိနေလဲ။ တက်ရောက်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာ စုစည်းဖော်ပြထားပါတယ်။

သမုဒ္ဒရာထဲက ပလစ်စတစ်အမှိုက်

diz_admin

March 1, 2023

ကမ္ဘာတစ်ဝန်း ပလစ်စတစ် အမှိုက် မက်ထရစ်တန် ပေါင်း သန်းနဲ့ ချီ နှစ်စဉ် ထုတ်လွှတ်နေပါတယ်။ ကမ္ဘာကြီးရဲ့ ကြမ်းပြင် ၇၀ ရာခိုင်နှုန်းဟာ သမုဒ္ဒရာကြီး ဖြစ်ပါတယ်။ အဲဒီထဲက တစ်ဝက်လောက်က ပြန်သုံးနိုင်၊ ဖျက်ဆီးနိုင်၊ အမှိုက်ကျင်းမှာ စွန့်ပစ်နိုင်တာတွေပါ။ ဒါပေမဲ့ အတော်များများက ပင်လယ် သမုဒ္ဒရာထဲ စီးဝင်အဆုံးသတ်သွားကြပါတယ်။

ကပ်ဘေးကြားက စားနပ်ရိက္ခာ

diz_admin

September 8, 2022

၂၀၁၅ ကနေစပြီး ကမ္ဘာကြီးရဲ့ အစားအသောက် ဖူလုံရေးကို ထိခိုက်လာစေတဲ့ အကြောင်းရင်းတွေ ပိုများလာပါတယ်။ အစားအသောက် ဖူလုံရေးကို ထိခိုက်လာစေတဲ့ အဓိက အကြောင်းရင်းတွေကတော့ –

စစ်ဘေးရှောင်ကြသူများ

diz_admin

September 1, 2022

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်မီးကြောင့် မြန်မာပြည်သူတွေ စစ်ဘေးဒဏ် ခံနေရဆဲပါ။ အာဏာသိမ်းယူမှု ဖြစ်စဉ်အပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံအဝှမ်းစစ်ဘေးရှောင်သူတွေ ပိုမိုများပြားလာနေပါတယ်။

ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာ 

diz_admin

August 25, 2022

ပဋိပက္ခတွေ၊ စစ်ပွဲတွေဟာ ကလေးငယ်တွေကို ရေရှည် စိတ်ဒဏ် ဖြစ်စေပါတယ်။  စစ်ပွဲပိုကြာလေလေ စိတ်ဒဏ်လက္ခဏာတွေ ပိုပြင်းလေလေပါပဲ။ ဖြစ်ရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ 

ကုန်စျေးနှုန်း ဒဏ်

diz_admin

August 17, 2022

မြန်မာကျပ်ငွေ တန်ဖိုးကျနေပါတယ်။ အဲဒါနဲ့အတူ အထွေထွေကုန်စျေးနှုန်းကြီးတဲ့ဒဏ်ကို ပြည်သူတွေ ကြုံတွေ့နေရပါပြီ။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာတယ်။ ဝင်‌ငွေလည်းကျဆင်းလာနေတယ်။ ဒီအချိန်မှာ တနင်္သာရီတိုင်းသားတွေ အတွက်တော့ ကုန်စျေးနှုန်းဒဏ်တွေကို တောင့်ခံနိုင်ဖို့ ခက်လှပါတယ်။