ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ PSA

သွေးလှူရှင်နည်းလာတဲ့ တနင်္သာရီ

Dawei Watch

August 12, 2025

စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာလာချိန်မှာတော့ ကျန်းမာရေးကဏ္ဍအတွက် အကြီးမားဆုံး အခက်အခဲတစ်ခု ပေါ်ပေါက်လာပါတယ်။ ဒါကတော့ သွေးလှူရှင်ရှားပါးလာတာပါ။

“မထိ၊ မကိုင်၊ ခပ်ဝေးဝေးမှာနေပါ”

Dawei Watch

June 5, 2025

တိုက်ပွဲတွေဖြစ်ပွားဖူးတဲ့ ဒေသတွေမှာနေထိုင်သူတွေ၊ ဖြတ်သန်းသွားလာသူတွေဟာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်း အန္တရာယ်တွေရှိနေပါတယ်။ သွားရင်းလာရင်း ပတ်ဝန်းကျင်မှာ တွေ့နေ၊ မြင်နေကျမဟုတ်တဲ့ အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင် ထိတာ၊ ကိုင်တာ မလုပ်ပါနဲ့။ ထိကိုင်တာ၊ နေရာပြောင်းတာ၊ ခြေထောက်နဲ့ကန်တာ၊ ခဲနဲ့ပေါက်တာ၊ ဓာတ်ပုံရိုက်တာတွေလည်း လုံးဝ မလုပ်ရပါဘူး။ ဒါ့အပြင် အဲဒီအရာဝတ္ထုပစ္စည်းနဲ့ တည်နေရာတဝိုက်ကို မီးရှို့တာ၊ ရေလောင်းတာ၊ ဆားနဲ့သိပ်တာ၊ အနီးကပ် ဝိုင်းအုံ ကြည့်ရှု တာတွေကလည်း အန္တရာယ်ရှိတဲ့ အပြုမူတွေဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် စွန့်ခွာခဲ့ရတဲ့ ကျေးရွာတွေ၊ နေအိမ်၊ အဆောက်အဦးတွေကို သွားလာတာမျိုးမလုပ်ဖို့၊ အသုံးမပြုဖို့ လည်း အရေးကြီးပါတယ်။ အဲဒီနေရာတွေမှာ စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်တွေရှိသလို မြေမြှုပ်မိုင်းအမျိုးမျိုး ရဲ့ အန္တရာယ်လည်းရှိလို့ ရှောင်ကြဉ်ရပါမယ်။ စိုက်ပျိုးမြေနေရာတွေ အသစ်ရှာဖွေ/ပြောင်းရွှေ့စိုက်ပျိုးကြတယ်ဆိုရင်လည်း ဒေသခံရွာသူရွာသားတွေနဲ့ အာဏာပိုင်တွေက အန္တရာယ်ကင်းရှင်းတယ်လို့ အသေအချာမပြောမချင်း […]

ရပ်တည်ဖို့ ခက်လာသည့် ပရဟိတလူနာတင်ယာဉ်များ(Podcast)

Dawei Watch

May 26, 2025

ကျန်းမာရေး စောင့်ရှောက်မှု မရှိသလောက်ဖြစ်နေတဲ့ ကျေးလက်နေပြည်သူတွေက မြို့ပေါ်တက်အရေးပေါ်ဆေးကုဖို့အတွက် လူနာတင်ယာဉ်တွေကိုပဲ အားကိုးနေရတာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူနာတင်ယာဉ်ပရဟိတအဖွဲ့တွေ ရပ်နားလာလို့ ကျေးလက်နေသူတွေ အခက်ကြုံနေရပါပြီ။

ရပ်တည်ဖို့ ခက်လာသည့် ပရဟိတလူနာတင်ယာဉ်များ

Dawei Watch

May 26, 2025

ကျန်းမာရေး စောင့်ရှောက်မှု မရှိသလောက်ဖြစ်နေတဲ့ ကျေးလက်နေပြည်သူတွေက မြို့ပေါ်တက်အရေးပေါ်ဆေးကုဖို့အတွက် လူနာတင်ယာဉ်တွေကိုပဲ အားကိုးနေရတာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူနာတင်ယာဉ်ပရဟိတအဖွဲ့တွေ ရပ်နားလာလို့ ကျေးလက်နေသူတွေ အခက်ကြုံနေရပါပြီ။

မိုးထဲရေထဲ ကူရာမဲ့နေတဲ့ စစ်ရှောင်တွေ

Dawei Watch

May 26, 2025

တနင်္သာရီတိုင်းမှာ တိုက်ပွဲနဲ့ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံစစ်ဘေးရှောင် ခုနှစ်သောင်းနီးပါးအထိ ရှိနေပါပြီ။ တိုင်းအတွင်း စစ်ဘေးရှောင်အနည်းငယ်သာ စစ်ရှောင်စခန်းတွေထဲမှာ နေထိုင်နေကြပြီး စစ်ဘေးရှောင် အများစုကတော့ နီးစပ်ရာ ခြံ၊ ဥယျာဉ်၊ တောတောင်တွေထဲမှာ ရှောင်တိမ်းနေကြရတာပါ။ ဒါကြောင့် တနင်္သာရီတိုင်းက စစ်ဘေးရှောင်အများစုက အကူအညီတွေများစွာ လိုအပ်နေကြတာပါ။ ဒီနှစ်မှာ မုတ်သုန်အဝင်စောဖို့ရှိသလို မိုးရွာသွန်းမှု များနိုင်တဲ့ အခြေအနေကြောင့် စစ်ဘေးရှောင်တွေ ပိုမိုခက်ခဲကျပ်တည်းဖို့ရှိနေပါတယ်။

မိုးထဲရေထဲ ကူရာမဲ့နေတဲ့ စစ်ရှောင်တွေ

Dawei Watch

May 17, 2025