ငလျင်ဘေးကူဖို့ “အိုးပန်းချီ” ရေးဆွဲနေသူများ
Dawei Watch
April 20, 2025ထားဝယ်ဒေသထွက်အိုး ၊ ဆီမီးခွက်နဲ့ သပိတ်အိုးတွေ အပေါ်မှာ ထားဝယ်ဒေသခံလူငယ်တစ်စုက ပန်းချီရေးဆွဲ အလှဆင်နေကြပါတယ်။ ထားဝယ်မြို့ ၊ ကမ်းနားလမ်း ယဥ်ကျေးမှုပြတိုက်နောက်ကျောဘက်မှာ ရှိတဲ့ လှိုင်းခတ်သံ ပန်းချီ ပြခန်းမှာ ရေးဆွဲ နေကြတာပါ။ ဧပြီလ ၁၈ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေတဲ့ ထားဝယ်ဒေသခံ ပန်းချီဆရာတွေရဲ့ ပန်းချီ ပြပွဲမှာ ငလျင်ဘေးအတွက် ကူညီဖို့ ရည်ရွယ်ချက်နဲ့ အခုလိုရေးဆွဲနေတာပါ။ အင်တာနက်ပေါ်က အိုးပန်းချီရေးဆွဲတဲ့ဟန်ကို နမူနာယူပြီး ရန်ပုံငွေရှာဖို့ စိတ်ကူးရခဲ့တယ်လို့ အိုးပန်းချီ စီစဥ်တဲ့ လူငယ်တွေကပြောပါတယ်။ တစ်ထောင် ကနေ ငါးထောင်ကျပ် အထိရှိတဲ့ မြေထည်ပစ္စည်း တွေကို ဝယ်ယူပြီး ဆေးအလှချယ်ကာ ငလျင်ဘေးအတွက် ကူနိုင်တယ်လို့ဆိုပါတယ်။ ပန်းချီရေးမယ့် မြေထည်ပစ္စည်းတွေကို ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်က ထွက်တဲ့ […]


