BREAKING
May 21, 2025

ရုပ်သံ

နိုဝင်ဘာလ ၁၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

November 11, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ တွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

အောင်လအန်ဆန်းရဲ့သူငယ်ချင်းကို အနိုင်ယူပြလိုက်တဲ့ ရိုင်နီရာ ဒီရစ်ဒါ

Dawei Watch

November 11, 2024

UFC Fight Pass ပြိုင်ပွဲမှာ ရိုင်နီရာ ဒီရစ်ဒါကတော့ အဖွင့်လှသွားခဲ့ပါပြီ။ ONE မှာတုန်းက အောင်လအန်ဆန်းကို အနိုင်ယူပြခဲ့တဲ့ နယ်သာလန်ဖိုက်တာ ရိုင်နီရာ ဒီရစ်ဒါ ဟာ အခုပွဲစဉ်မှာ အောင်လအန်ဆန်းရဲ့သူငယ်ချင်း ဂျရယ် မီယာချားနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ONE မှာတုန်းက နာမည်ကောင်းရရှိထားတဲ့ ရိုင်နီယာ ဒီရစ်ဒါ ဟာ UFC ခရီးလမ်းအစမှာပဲ ဒုခေါင်ပွဲစဉ်ကို ထိုးခွင့်ရခဲ့တာဖြစ်ပါတယ်။ အောင်လအန်ဆန်းရဲ့သူငယ်ချင်း ဂျရယ် မီယာချား ဟာ ရိုင်နီရာ ဒီရစ်ဒါ ကို မယှဉ်နိုင်ခဲ့ပါဘူး။ ရိုင်နီရာ ဒီရစ်ဒါ ဟာ ဂျရယ် မီယာချား ကို ပွဲစကတည်းက လက်ရည်အသာစီးနဲ့ ထိုးသွားခဲ့တာဖြစ်ပါတယ်။ တတိယပွဲချီအရောက်မှာတော့ ရိုင်နီရာ ဒီရစ်ဒါက ချုပ်ကွက်နဲ့အနိုင်ယူပြီး ပွဲသိမ်းသွားခဲ့ပါတယ်။

စစ်ခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ်တွေ့ဆုံမှု ဂယက်

Dawei Watch

November 10, 2024

စစ်အာဏာသိမ်းထားသော စစ်ကောင်စီအဖွဲ့ကို နိုင်ငံတကာအများစုက အသိအမှတ်မပြုသကဲ့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း အာဆီယံအစည်းအဝေးကဲ့သို့ နိုင်ငံတကာ အစည်းအဝေး အခမ်းအနားများကို တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။ အာဏာသိမ်းပြီး လေးနှစ်အကြာ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတစ်ခုတွင် အလှည့်ကျပြုလုပ်နေသော ထိပ်သီးအစည်းအဝေးတစ်ခုသို့ စစ်ကောင်စီခေါင်းဆောင် တက်ရောက်ခွင့်ရရှိခဲ့သည်။ အဌမအကြိမ်မြောက် မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့တွင် ကျင်းပပြုလုပ်နေပြီး စစ်ကောင်စီခေါင်းဆောင်က အစည်းအဝေး တက်ရောက်နိုင်ရုံမက ဒေသတွင်း နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များနှင့်ပါ သီးခြားတွေ့ဆုံခွင့် ရရှိခဲ့သည်။ စစ်ကောင်စီခေါင်းဆောင်က သက်ဆင်သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် နိုဝင်ဘာ ၇ ရက်နေ့ကတွေ့ဆုံခွင့်ရရှိခဲ့ပြီး ရွေးကောက်ပွဲကို စည်းရုံခဲ့ရာ ထိုင်းဝန်ကြီးချုပ်က ထောက်ခံခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ဘာတွေ ဆွေးနွေးခဲ့လဲ နှစ်နိုင်ငံတွေ့ဆုံချိန်တွင် […]

မြန်မာ့ရေးရာ

Dawei Watch

November 9, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ နိုဝင်ဘာလ ၃ ရက်နေ့ကနေ နိုဝင်ဘာလ ၉ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း

Dawei Watch

November 9, 2024

တနင်္သာရီတိုင်းထဲမှာ နိုဝင်ဘာလ ၃ ရက်ကနေ ၉ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့