BREAKING
October 26, 2025

ရုပ်သံ

ထားဝယ်မြို့ပေါ်မှာ သွေးလွန်တုပ်ကွေးအဖြစ်များနေလို့ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်

Dawei Watch

May 12, 2025

ထားဝယ်မြို့ပေါ်မှာ သွေးလွန်တုပ်ကွေးအဖြစ်များနေလို့ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်

ရှင်မုတ္ထီးရွာက ကဆုန်လပြည့်နေ့ ကျွဲခတ်ပွဲ

Dawei Watch

May 11, 2025

ထားဝယ်မြို့နယ် ၊ ရှင်မုတ္ထီးရွာမှာ ကဆုန်လပြည့်ရောက်တိုင်း ကျင်းပလေ့ရှိတဲ့ ကျွဲခတ်ပွဲ ကို ဒီနေ့ (မေ ၁၁၊ ကဆုန်လပြည့်နေ့)မှာလည်း ပြုလုပ်ခဲ့ပါတယ်။ အရင်ကျင်းပသလို ရိုးရာနတ်နန်းတွေကို တစ်ရက်ကြို ဦးတိုက်ဂါရဝပြုတဲ့ အစီအစဥ် မပါဘဲ လပြည့်နေ့မှာ ရှင်မုတ္ထီးဘုရားကို လာဦးတိုက်ပြီး ရွာအတွင်းလှည့်လည်ခဲ့တာပါ။ ကျွဲခတ်ပွဲမှာ ထားဝယ်ရာဇဝင်လာ ကျွဲလေသားနဲ့ စက္ကပါလ အမည်ရ ကျွဲအရုပ်နှစ်ရုပ်အထဲကို လူဝင်ကပြရပြီး ကျွဲထိန်းသူတွေနဲ့ အတူ ကျွဲနှစ်ကောင်ခတ်တဲ့ဟန် ဖျော်ဖြေကြတာပါ။ ထားဝယ်ဒေသ ကဆုန်ညောင်ရေသွန်းပွဲတော်တွေမှာ ရှင်မုတ္ထီး ကျွဲခတ်ပွဲဟာလည်း လာရောက်လည်ပတ်သူ အများအပြားနဲ့ ကိုဗစ်မတိုင်မီက စည်ကားခဲ့တဲ့ ပွဲတော်တစ်ခုဖြစ်ခဲ့ပါတယ်။

ညင်းမော်ညောင်ရေသွန်းပွဲတော်က ပွဲဇံလှည့်ပွဲ

Dawei Watch

May 11, 2025

လောင်းလုံးမြို့နယ်၊ ညင်းမော်‌ညောင်ရေသွန်းပွဲတော်တွင် ထည့်သွင်းကျင်းပလေ့ရှိပြီး လူသိများထင်ရှားသည့် ပွဲဇံလှည့်ပွဲကို ယခုနှစ်တွင် ပြန်လည်ထည့်သွင်း ကျင်းပခဲ့သည်။ ခေတ်ကိုထင်ဟပ်သရုပ်ဖော် ဖျော်ဖြေသော ပွဲဇံလှည့်ပွဲကို အာဏာသိမ်းပြီးချိန်မှ စတင်ကာ ထည့်သွင်းကျင်းပခြင်း မရှိတော့ဘဲ ယနေ့ကျင်းပသည့် ၆၉ ကြိမ်မြောက် ညင်းမော်ကျေးရွာ ညောင်ရေသွန်းပွဲတွင်မှ ပြန်လည်ထည့်သွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ စည်ကားစွာကျင်းပနေသည့် ညင်းမော်ကျေးရွာ ညောင်ရေသွန်းပွဲတော်တွင် ထည့်သွင်းကျင်းပနေသည့် ပွဲဇံလှည့်ပွဲမှာ အ‌နီးနားဒေသခံများ တခုတ်တရလာရောက် ကြည့်ရှု့ကြသဖြင့် စည်ကားလေ့ရှိသည်။ ထားဝယ်ခရိုင်တွင် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းမှ ညောင်ရေသွန်းပွဲ၊ ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာမှ ကျွဲခတ်ပွဲ၊ ညင်းမော်ကျေးရွာ ပွဲဇံလှည့်ပွဲများမှာ ညောင်ရေသွန်းပွဲတော်ကာလတွင် ဒေသတွင်း အထူးထင်ရှားလူသိများသည်။

မြန်မာ့ရေးရာ

Dawei Watch

May 11, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မေလ ၄ ရက်ကနေ မေလ ၁၀ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

May 10, 2025

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ထီးခီးစခန်းမြင်ကွင်း

Dawei Watch

May 9, 2025

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ ထီးခီးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မေလ ၉ ရက် ဒီကနေ့ မနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ထီးခီးစခန်းမြင်ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။

မေလ ၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

May 9, 2025

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။