မေလ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch
May 19, 2025မင်္ဂလာပါရှင်။ တနင်္သာရီသတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကို Dawei Watch အဖွဲ့သားတွေက စီစဉ်တင်ဆက်ထားတာပါ။ ဒီနေ့တင်ဆက်မယ့်သတင်းတွေကတော့……
မင်္ဂလာပါရှင်။ တနင်္သာရီသတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကို Dawei Watch အဖွဲ့သားတွေက စီစဉ်တင်ဆက်ထားတာပါ။ ဒီနေ့တင်ဆက်မယ့်သတင်းတွေကတော့……
တနင်္သာရီ ဘန်းလမွတ်ရွာကို စစ်ကောင်စီ နှစ်ရက်ဆက် ဒရုန်းနဲ့ ဗုံးချ
ရေဖြူ အုန်းပင်ကွင်းရွာမှာ ဥယျာဉ်ခြံတဲ မီးလောင်ပြီး နှစ်ဦးဒဏ်ရာရ
ထားဝယ်အရှေ့တောစစ်မြေပြင်မှာ စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး ဘက်ပြောင်းခိုလှုံ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မေလ ၁၁ ရက်ကနေ မေလ ၁၇ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ တိုက်ပွဲနဲ့ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံစစ်ဘေးရှောင် ခုနှစ်သောင်းနီးပါးအထိ ရှိနေပါပြီ။ တိုင်းအတွင်း စစ်ဘေးရှောင်အနည်းငယ်သာ စစ်ရှောင်စခန်းတွေထဲမှာ နေထိုင်နေကြပြီး စစ်ဘေးရှောင် အများစုကတော့ နီးစပ်ရာ ခြံ၊ ဥယျာဉ်၊ တောတောင်တွေထဲမှာ ရှောင်တိမ်းနေကြရတာပါ။ ဒါကြောင့် တနင်္သာရီတိုင်းက စစ်ဘေးရှောင်အများစုက အကူအညီတွေများစွာ လိုအပ်နေကြတာပါ။ ဒီနှစ်မှာ မုတ်သုန်အဝင်စောဖို့ရှိသလို မိုးရွာသွန်းမှု များနိုင်တဲ့ အခြေအနေကြောင့် စစ်ဘေးရှောင်တွေ ပိုမိုခက်ခဲကျပ်တည်းဖို့ရှိနေပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
မြန်မာနိုင်ငံတောင်ပိုင်းတွင် မုတ်သုန်စဝင်ပြီ