ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

တော်လှန်ရေးတပ်သိမ်းထားတဲ့ မောတောင်မြို့မှာ စစ်အုပ်စုရွေးကောက်ပွဲကို ဆန္ဒပြ

Dawei Watch

December 27, 2025

တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ မောတောင်မြို့မှာ စစ်အုပ်စုကကျင်းပမယ့်ရွေးကောက်ပွဲကို အလိုမရှိဘူးလို့ မြို့ခံတွေဆန္ဒပြကြပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့တစ်ရက်အလိုဖြစ်တဲ့ ဒီနေ့မနက်မှာ ဆန္ဒပြခဲ့ကြတာပါ။ မောတောင်မြို့တည်ရှိတဲ့ တနင်္သာရီမြို့နယ်က စစ်အုပ်ရဲ့ရွေးကောက်ပွဲ အပိုင်း ၂မှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ မြို့နယ်ထဲက နေရာအများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာပါ။ စစ်အုပ်စုကရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရပ်ကွက်ကျေးရွာစာရင်းထုတ်ပြန်ရာမှာ မောတောင်မြို့လည်း ပါဝင်နေပါတယ်။ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တာပါ။

ဒီဇင်ဘာလ ၂၆ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

December 26, 2025

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

သူရဦးအောင်ကိုနဲ့ ထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအပြင် ဗိုလ်ချုပ်လေးဦးကို ဘွဲ့တံဆိပ်တွေရုပ်သိမ်း

Dawei Watch

December 26, 2025

သူရဦးအောင်ကိုနဲ့ ထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအပြင် ဗိုလ်ချုပ်လေးဦးကို ဘွဲ့တံဆိပ်တွေရုပ်သိမ်း